Ep- 29

2.2K 141 13
                                    


ဒူးထောက်ရာက မထဘဲ မျက်ရည်တွေ ကျနေတဲ့ကိုကိုက သူ့စကားကို နားလည်မှု လွဲပြီဆိုတာ သိလိုက်ပြီ။

~~ဒီကိုကို ဟာလေ ကျတော်နဲ့ ပတ်သက်လာရင် တကယ်ကို အထိအခိုက်လွယ်လွန်းတယ်~~

ဒူးထောက်နေတဲ့ ကိုကို့ကို ဆွဲထူလိုက်၍ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်ပြီး ~

"ကိုကိုက ကျတော့စကား အရင်ဆုံးအောင် နားမထောင်ဘဲ ဘာလို့ မျက်ရည်တွေကျနေ ရတာလဲဗျာ ကျတော့ရဲ့ ဟင့်အင်း ဆိုတာ ကျတော်ကိုကို့ကို လက်မထပ်တာ မဟုတ်ဘူး ကျတော့ကိုကို့ ကို လက်မထပ်သေးတာ"

" က ကလေး"

"အင်း ကျတော်ကိုကို့ကို လက်မထပ်သေးဘူး  ကျတော်ကိုကို့မား ခွင့်ပြုချက် ရအောင်အရင် ကြိုးစားချင်တယ်ကိုကို "

" ဒါ ဒါပေမဲ့ မားကို "

"ကိုကိုသိလား ကျတော် yeလေးကို လွယ်ထားရတဲ့ အချိန်တုန်းကလေ...... ဘယ်လောက်တောင် ခက်ခဲပြီး ပင်ပန်းခဲ့ရလဲဆိုတာ
နောက် မွေးလာဖို့ အချိန်ကျလာ ပြန်တော့လဲ ခံစားခဲ့ ရတဲ့ နာကျင်မှုတွေက အနိုင်းမဲ့ဘဲ
အဲ့လို ကလေး တယောက်ကို ပင်ပန်းမှုတွေ နာကျင်မှုတွေ သာမကဘဲ အသက်နဲ့ပါရင်းပြီး မွေးထားရတာ ကိုကိုက လွယ်တယ်လို့ထင်နေတာလား ဟင်"

"......"

"ကျတော်ခုလို ပြောပြ နေရ တာက ကျတော့ ပင်ပန်းနာကျင်မှုတွေကို နားလည်ပေးစေချင်လို့ ဖွင့်ဟနေတာမဟုတ်ဘူး ကိုကို...ကျတော်ကိုကို့ကို သိစေချင်တာက ကိုကို့မားလဲ ကိုကို့ကို ဒီလောကထဲ ခေါ်ဆောင်လာဖို့ နာကျင်မှု တွေ ခက်ခဲပင်ပန်းမှုတွေ အသက်တွေနဲ့ ရင်းခဲ့ရတာမို့ ကိုကို့မားက ကိုကို့အပေါ် ဒီလောက်မျှော်လင့်တာ ဖြစ်သင့်တဲ့ ကိစ္စမို့ ကျတော် ကိုကို့မားကို နားလည်တယ်ကိုကို
ဘယ်မိဘ မဆို ကိုယ့်သားသမီး ကို အကောင်းဆုံးတွေချည်းပေးချင်တာ အကောင်းဆုံးတွေချည်း ဖြစ်စေချင်တာ မို့ ကိုကို့မား ကျတော့အပေါ် ဘယ်လို လုပ်ရပ်ကျူးလွန်ခဲ့ ကျူးလွန်ခဲ့ပါစေ အဲ့ဒါက ကိုကို့ အပေါ် ချစ်လွန်းလို့ ဖြစ်သွားရတဲ့ မိခင်တယောက်ရဲ့ ချစ်ခြင်းမေတ္တာ တွေမို့ ကျတော် အပြစ်မမြင်ဘူး .... ကျတော်က ကိုကို့မားကို ကျတော်ချစ်ရတဲ့ကိုကို့ကို ဟောဒီ လောကကြီးထဲ ခေါ်ဆောင်လာပေးခဲ့တဲ့ ကျေးဇူးတောင်တင်နေတာ သိလား..."

How am I supposed to live without youWhere stories live. Discover now