Ep - 4

2.8K 176 6
                                    

unicode

Present~~

US ကနာမည်ကြီး 5star hotel တခုရဲ့ အခန်းလေးတခန်းထဲမှာတော့ အိပ်မောကျနေတဲ့ လူတယောက် ။

တီး တီး တီး ...

ဆူညံစွာ ထမြည်လာတဲ့ ဖုန်း နဲ့  မျက်လုံးတောင်မဖွင့်နိုင်သေးတဲ့လူသား ။

"Hello ကျိုးချန်ပြောနေပါတယ်ဗျ"

"ဟျောင့် အိပ်ချင်မူးတူးအသံနဲ့ကွာ နေကမင်းဖင်ထဲ၀င်တော့မယ် မထသေးဘူးလား"

ဟင် ဒီ  ဒီအသံ က

"ရှောင် ...ရှောင်ကျန့်  မင်း...မင်းလား  တကယ် မင်းလား "

"အေး  မင်းအဖေငါဘဲ"

ကြားရတဲ့အသံအရဆို အရင်ရှောင်ကျန့် ပြန်လာပြီထင်ပါရဲ့ ။

"ဟာ  မင်း မင်းတကယ် မင်း ကဘယ် ဘယ်လို "

အထစ်ထစ် အငေါ့ငေါ့ နဲ့ ဘယ်လိုလုပ်ပြီး သူ ဒီမလာခင် အထိ ဆေးရုံ က ကုတင်ပေါ်မှာလျောင်းနေခဲ့တဲ့ သူ့ သူငယ်ချင်းလေးက ဘယ် ဘယ်လိုလုပ်ပြီး ....

"အင်   ငါ ငါ  ပြန်လာပြီ  ကျိုးချန် "

"၀မ်းသာတယ် ငါတကယ်၀မ်းသာတယ်ကွာ  ဘယ် ဘယ်တုန်းက သတိပြန်ရလာတာလဲ  ဟမ် "

" တပတ်လောက်တော့ရှိပြီ  လာမလား ဆိုပြီးစောင့်နေခဲ့တာ ဟိုကောင်တွေပေါ်လာပေမဲ့ နေနိုင်လွန်းတဲ့မင်းက ပစ်ထားတော့ မနေနိုင်တဲ့ ငါကဘဲ အရင် ခေါ်ရတာပေါ့ "

"ဟာ မဟုတ်ရပါဘူးကွာ ငါ ငါတကယ်မသိလို့ ... ငါ project ကိစ္စနဲ့ ရှုပ်နေတာနဲ့ ဟိုကောင်တွေနဲ့လဲ အဆက်သွယ်မလုပ်ဖြစ်လို့လေ ငါမဆက်သွယ်လဲ ဒီလိုအရေးကြီးတဲ့ ကိစ္စကိုတော့ လှမ်းအသိပေးသင့်တယ်ကွာ"

စကား ကို အဆက် အစပ် မရှိဘဲ တောင်ရောက် မြောက်ရောက် ပြောနေတဲ့ ကျိုးချန် ။

"  စတာပါကွာ ငါမပြောခိုင်းတာ မင်းကို စပရိုက် တိုက်ချင်လို့ "
တကယ်ကို ၀မ်းသာလုံးဆို့ပြီး ပြောစရာတွေ ပျောက်ရှနေခဲ့တယ် ။

"ဒါနဲ့ ငါ့ကိုယ်စား companyကို စောင့်ရှောက် ပေးလို့ ကျေးဇူး ကျိုးချန်"

" ပြော ရမဲ့ လူတွေလားကွာ  မင်းကလဲ"

"ဒါနဲ့ မင်းဘယ်တော့ပြန်လာမလဲ"

How am I supposed to live without youDonde viven las historias. Descúbrelo ahora