Ep- 10

2.3K 156 1
                                    

Unicode

ခမ်းနားလှတဲ့ စံအိမ်ရဲ့ ဧည့် ခန်းမထဲတွင်တော့ တဖက်က ပို့လာပေးတဲ့ ဖုန်းထဲက သားဖြစ်နဲ့ ကောင်လေးတို့ရဲ့  ဓါတ်ပုံတွေကို ကြည့်ပြီး ဒေါသထွက်နေတဲ့ ရှောင် သခင်မ.....  သားဖြစ်သူကို အရိပ်တကြည့်ကြည့်နဲ့ အမြဲကြည့်နေတတ်တဲ့ သူ့အတွက် သားဘယ်ခြေလမ်း လှမ်းနေတယ် ဆိုတာ ရိပ်မိနေတာမို့  နောက်ယောင်ခံ လိုက်ခိုင်းခဲ့တာ။

ခြံထဲ၀င်လာတဲ့ ကားကို မြင်တော့  ဖုန်းကိုပိတ် ဒေါသထွက်နေတဲ့ မျက်နှာကို အချိုဆုံး အနေထား သို့ ပြင်ထားလိုက်ကာ သားအလာကို စောင့်နေလိုက်တယ်။

"ဟာ သား ညကပြန်လာမအိပ်ဘူးလား"

မသိချင်ယောင်ဆောင်ကာ~

" Morning မား"

မေးနေတာ ပြန်မဖြေဘဲ ပါးကိုလာ နမ်းတဲ့ သား ကျန့်ကျန့်  ပြီးတော့မှ~

" ဟုတ် မား "

" ဘယ်မှာ အိပ်တာလဲသားရယ် မဟုတ်မှ  ညလုံးပေါက် အလုပ်လုပ်နေတာလား  အလုပ်တွေကို အဲ့လောက်အလွန်အကျွံ မလုပ်ပါနဲ့ သားရယ်"

" မ မဟုတ်ပါဘူးမား ပါးကော"

" သားပါးက လမ်းလျှောက်ထွက်တယ်"

" ဟုတ်လား ကွက်တိဘဲ ပါးမရှိတုန်း မားကို‌ ပြောစရာရှိတယ် ပြီးတော့  အကူညီတောင်းစရာလဲရှိတယ်"

" အံမယ် ထူးထူးဆန်းဆန်း ဘာများလဲ သားရဲ့"

"ဒီလိုမား........"

အစချီပြီး သူနဲ့ သူ့ကောင်လေး အကြောင်းရဲ့ အကြောင်း။ ဘယ်ထိရည်ရွယ်ထားကြောင်း ယုံကြည်စွာနဲ့
ရင်ဖွင့် ပြောပြနေရှာတဲ့သားကို ကြည့်ပြီး
~~ ဘယ်လိုလုပ်မလဲ သား မားဒီတခါတော့ သားယုံကြည်မှုကို ရိုက်ချိုး ပြီး သားအိမ်မက်ကို ဖျက်ဆီးမိမယ်ထင်တယ်~~

"အဲ့ဒါလေ   နောက်အပတ် ထဲ သား USကို အလုပ်ကိစ္စနဲ့ သွားရမယ်  ၃ ၄ရက်လောက်ကြာမယ် ထင်တယ်
သား US သွားပြီး ပြန်လာတာနဲ့ သား ကလေးကို ပါးမားတို့ နဲ့ တရား၀င် မိတ်ဆက်ပေးချင်တယ်   ပြီးတော့ လူသိရှင်ကြား propose လုပ်ဖို့ လဲ စဉ်းစားထားတယ်။  အဲ့ဒါ မားကို တိုင်ပင်တာပါ  ပြီးတော့ သားမရှိတဲ့ အတောတွင်း ကလေးကို အပ်ပါရစေနော် မား  ကလေးကငယ်သေးတော့ သားစိတ်မချလို့  အရင်ဘယ်လိုဘဲ တယောက်တည်းနေခဲ့ပါစေ  ခု သူ့မှာသားရှိနေပြီမို့ တယောက်တည်းလို့မခံစားစေချင်ဘူး "

How am I supposed to live without youOnde histórias criam vida. Descubra agora