Ep- 15

2.4K 159 6
                                    

unicode

AN- ကျဲက ရောဂါအကြောင်း နှံ့နှံ့ စပ်စပ် မသိတာမို့ မှားပါသွားရင် ကြိုတောင်းပန်ပါတယ်နော် 🙏🙏🙏

*******************

ဖန်ရှင်းတယောက်လော့ရန် ဆေးရုံကြီး ကို ရောက်တာ ဒီနေ့ဆို နှစ်ရက်မြောက်ဘဲ ရှိသေးပေမဲ့ သူ အရေးပေါ်ခန်း ထိုင်နေပေးရတယ် ။

ဘာလို့ဆို ဒီည အရေးပေါ်ဌာနမှာ night duty ကျတဲ့ ဆရာက နာရေးနဲ့ ခွင့်ယူသွားလို့ပင်။ သူ့ဌာနကလဲ လူနာများများ မရှိတော့ သိပ်မပင်ပန်းတာမို့ သူ ကူညီပေးလိုက်တာပင်။

~~ fighting ဖန်ရှင်း~~

ကိုယ့်ကို အားပေးလိုက်တယ် ။

စဉ်းစားနေတုန်း အရေးပေါ်ခန်းထဲကို ပြေး၀င်လာတဲ့ ‌ကလေးမလေး တယောက်ကို ပွေ့ချီလာတဲ့ လူတယောက် နဲ့ နောက်က ငိုယို ပြီးပြေးလိုက်လာတဲ့ ကောင်ကလေး။

သူတို့ပြေး၀င်လာတာတွေ့တော့ သူတို့နားပြေးသွားလိုက်ကာ~

"ဘာဖြစ်လာတာ..."

စကားတောင်မဆုံးလိုက် ဟိုလူ လက်ထဲက ကလေးမ မျက်နှာကြည့်မိတော့ ဖြူစုတ်ပြီး နူတ်ခမ်းတွေလဲပြာနေတာမြင်တော့~

" က ကလေးကို ကုတင်ပေါ် တင်လိုက်"

ကလေးကို စမ်းသပ်‌ လိုက်ရင်း~

" ကလေးကို Oxygen ပေးဖို့ လုပ် ပြီးရင် ICU အခန်းထဲပို့ဖို့လုပ် မြန်မြန်"

ကလေးကို လုပ်စရာရှိတာ လုပ်ပေးပြီးတော့ ဟိုလူနဲ့ ကောင်လေးရှိရာလှည့်လာတော့ ကောင်လေးက ငိုယိုနေတုန်းပင်။

~~အင် သူ့ ညီမလေးကို အတော်ချစ်ရှာတာဘဲ~~

တွေးလိုက်ရင်း ဟိုလူကို~

" ဟို ဒီက ကလေးမိဘ မပါလာဘူးလား ကလေးအခြေနေကိုပြောပြချင်..."

ပြောမလို့ ပြင်တုန်း ငိုယိုနေတဲ့ကောင်လေးကဖြတ်၍~

" ကျ ဟင့် ကျတော်ပါ "

"ဗျာ"

" ကျတော်က ဟင့် သမီးလေးရဲ့ ပါးပါးပါ သမီးလေးက ဘာဖြစ်တာလဲ Dr"

"ဗျာ !!!!!!! "

ဆက်ပြောဖို့မေ့နေပြီး သူက ကလေးပါးပါးပါလို့ ပြောနေတဲ့ ကလေးသာသာကောင်လေးကို ငေးကြည့်နေမိတယ်။

How am I supposed to live without youTempat cerita menjadi hidup. Temukan sekarang