1.

503 18 4
                                    

Unicode

မိုးသည်းသောညတစ်ည ။
မြက်ရိုင်းတွေလူတစ်ရပ်စာထက်မကရှည်လျားနေတဲ့ကွင်းပြင်။
လင်းလတ်သွားတဲ့လျှပ်စီးအောက် ရုတ်တရက်မြင်ရတဲ့ပတ်ဝန်းကျင်။
ယိမ်းနွဲ့နေတဲ့မြက်တွေကြား လျင်မြန်စွာရွေ့လျားနေတဲ့အရိပ်ငယ်။
မောပန်းနေတဲ့ငြီးငြူသံတွေက မိုးသံတွေကြားမှာစုံးစုံးမြုပ်သွားခဲ့လို့.....
ပတ်ဝန်းကျင်မှာ အိမ်ယာတစ်ခုတောင်ရှိမနေခဲ့။
မိုးရေတွေကြားမှာတော့ စီးဆင်းသွားတဲ့အနီရောင်အရည်များ။

_______________________________________
အရှေ့ဘက်တောင်တန်းတွေရှိသောဒေသမှာ
ဧက ၁၁၀ ကျယ်ဝန်းတဲ့ တောအုပ်ငယ်လေးရှိပြီး တောအုပ်အစမှာ သစ်သားနွယ်ပင်တွေနဲ့လုပ်ထားတဲ့ မုခ်ဦးလှလှတစ်ခုရှိပါတယ်။ အဝေးကကြည့်ရင်သစ်တောကြိုးဝိုင်းနဲ့တူတဲ့ဒီတောအုပ်ငယ်လေးရဲ့ မုခ်ဦးဟာ ခရမ်းရောင်ပန်းပွင့်တွေနွယ်တတ်နေပြီး နတ်သမီးပုံပြင်တွေထဲရောက်သွားသလို ခံစားမှုကိုပေးစွမ်းနိုင်ပါတယ်။ အဝင်ပေါက်ရဲ့ တစ်ဖက်တစ်ချက်မှာတော့ သစ်သားမီးအိမ်ငယ်တစ်ခုစီရှိနေပြီး ထိုမီးအိမ်ငယ်ရဲ့မှိန်ဖျော့တဲ့အလင်းနဲ့ မြန်မာလိုလှပစွာထွင်းထုထားတဲ့ နာမည်ကိုမြင်တွေ့နိုင်ပါတယ်။

" တမ်းတခြင်း အမှတ် ၇ "

သစ်သားဝင်းတံခါးဟာ သစ်ပင်အုပ်ဆိုင်းဆိုင်းတွေကြားမှာ ရောထွေးပြီးကိုယ်ပျောက်နေတတ်တယ်။ ဒီတောအုပ်ငယ်ဟာ အပြင်ကကြည့်လိုက်ရင်တော့ အုံ့မှိုင်းနေပြီး သာမာန်သစ်တောကြိုးဝိုင်းလို့ ထင်မြင်ရတဲ့အထိ အတွင်းထဲမှာဘာရှိသလဲ မမြင်ရလောက်အောင် သစ်ပင်တွေထူထဲစွာပေါက်ရောက်နေပါတယ်။ သီးနှံတွေ ပန်းပွင့်တွေ ဆယ်နှစ်ရာသီဖူးပွင့်သီးတတ်တဲ့ ဒီတောအုပ်ဟာ မြို့နဲ့အတော်လေးအလှမ်းဝေးပြီးခေါင်တာမို့ ဘယ်သူတစ်ဦးတစ်ယောက်မှလဲအကျွမ်းတဝင် ရှိမနေတတ်ပါဘူး။

တကယ်တော့ ဒီနေရာလေးဟာနွေရာသီဆိုရင်ရွက်ကြွေတွေနဲ့လှပနေတတ်ပြီး နွေဦးကံ့ကော်တွေလှိုင်လှိုင်ပွင့်တတ်ရုံသာမက မပူလွန်းမအေးလွန်းတာကြောင့်သက်တောင့်သက်သာရှိလွန်းလှပါတယ်။

You can see her in your dream Where stories live. Discover now