2.

59 6 0
                                    

Unicode

နေ့လည်ကအိပ်ထားတာကြောင့်လင်းရာတစ်ယောက်အိပ်ချင်စိတ်မရှိ။ အောက်ထပ်မှာဘဲဆက်ထိုင်နေကာ ဧည့်ခန်းရှိ တီဗီဖွင့်ထားသည်ကို အဝေးကပင်ငေးကြည့်နေမိသည်။ ဦးလေးဆန်းပြောထားသဖြင့် ထိုကောင်လေး ၃ ယောက်ဟာ ဖေဖေမွေးစားထားမှန်းသိလိုက်ရသည်။

ဖေဖေ.... လင်းရာအတွက်လဲ ထိုပုဂ္ဂိုလ်ဟာ အမည်ခံအဖေတစ်ယောက်ထက်မပိုခဲ့ပါ။ တီဗီမှာတော့ ရုပ်ရှင်ကားတစ်ခုပြသနေပြီး ထိုကောင်လေးထဲကနှစ်ယောက်က စိတ်ဝင်တစားကြည့်ရှုနေသည်။

" ဘေးက စာအုပ်ဖတ်နေတဲ့တစ်ယောက်က ဝဏ္ဏ။ သူကအခြားစိတ်မဝင်စားဘူး။ စာအုပ်ဘဲ။ ဒီလာတာ စာအုပ်ချည်းတစ်အိတ်ပါလာတယ် "

ဦးလေးဆန်းက ပန်းကန်တွေကိုအဝတ်နှင့်ခြောက်အောင်သုတ်နေရင်းမှ လင်းရာကိုလှမ်းပြောသည်။

" ဘာသောက်ချင်သေးလဲ ။ ဦးလေး တစ်ခုခုဖျော်ပေးရမလား "

လင်းရာခေါင်းခါလိုက်သည်။ ယခင်ထဲကလဲ ဂျီးများတဲ့သူတစ်ယောက်မဟုတ်သလို ကိန်းကြီးခန်းကြီးနေတတ်သူတစ်ယောက်လဲမဟုတ်ခဲ့။ အရင်နှစ်တွေက လင်းရာတစ်ယောက်ထဲရှိနေခဲ့ပြီး ဒီနှစ်မှာလူများလာခြင်းကိုမကြိုက်ပေမဲ့ တားမြစ်ခွင့်ရှိသူလဲမဟုတ်နေတာမို့။

" ဦးလေး...ကျန်တာအဆင်ပြေပါတယ်။ တစ်ခုဘဲ.... အပေါ်ထပ်ကို သူတို့ကိုမလာစေချင်ဘူး။ ဒါလေးတစ်ခုဘဲ ပြောပေးထားပါနော်"

" ကောင်းပါပြီ "

ညမွှေးပန်းရဲ့ရနံ့ဟာ ခြံထဲကနေတဆင့်အိမ်ထဲထိ ပျံ့လွင့်လာသည်။ အကျင့်ပါနေကျခြေလှမ်းများဟာ ခြံထဲကို လျှောက်လှမ်းသွားမိသည်။ မီးရောင်ဝါဝါတွေဖြာကျနေတဲ့ လမ်းတွေအဆုံးမှာတော့ အမှောင်ထုဟာ ကြီးစိုးနေသည်။ ဖြည်းဖြည်းချင်း ကျင့်သားရသွားတဲ့မျက်စိကြောင့် မိုင်ပေါင်းများစွာအကွာမှ ကြယ်လေးတွေဆီက အလင်းဓာတ် ရရှိလာသလို အမှောင်ထုထဲမှာ အရာရာဟာ ထင်ရှားပြတ်သားလာသည်။

ဖြည်းဖြည်းချင်းလျှောက်လှမ်းလာရင်းမှ
ခပ်တိုးတိုးသီချင်းသံဟာ နားထဲကိုပျံ့လွင့်လာသည်။ ပန်းတွေရဲ့ရနံ့ဟာ ထုံမွှမ်းလာပြီး ရှည်လျားလှတဲ့ဆံနွယ်လေးတွေဟာ လင်းရာရဲ့မျက်ဝန်းထဲဝင်ရောက်လာသည်။

You can see her in your dream Dove le storie prendono vita. Scoprilo ora