7.

59 5 0
                                    

Unicode

လင်းရာဟာ နွေရာသီ ၃ လလုံးနေ့အချိန်များတွင် စာအုပ်ဆိုင်မှာအချိန်ဖြုန်းခဲ့ပြီး ညနေစောင်းမှမိုးလင်းသည့်တိုင် တမ်းတခြင်း အမှတ်၇ တွင်ရှိနေခဲ့သည်။
ညဘက်များဟာ တိတ်ဆိတ်နေခဲ့ပြီး လင်းရာဟာ ဘီဒိုပေါ်ရှိ မီးအိမ်ငယ်လေးကိုပိတ်လိုက်ဖွင့်လိုက်ဆော့ကစားရင်း အိပ်မရသောညများကိုကုန်လွန်စေခဲ့သည်။ ထို့နောက်မှာမှ ဘီဒိုအောက်ခြေမှ ဘီဒိုငယ်လေးကိုရှာဖွေတွေ့ရှိခဲ့သည်။

စာအုပ်များပြည့်နှက်နေသော ထိုဗီဒိုငယ်ဟာ ရုပ်ပြကာတွန်းစာအုပ်များနှင့်တူလှပေမဲ့ လင်းရာရဲ့မှတ်ဉာဏ်များကတော့ မေမေ့လက်ရေးများဟု ညွှန်ပြနေခဲ့သည်။ ထိုအပိုင်းဆက် ရုပ်ပြပုံများဟာ မည်သူ့အတွက်ရည်ရွယ်ခဲ့ပါသနည်း။ လင်းရာမသိ။ အိပ်မရသောညနက်များမှာ မီးအိမ်မှိန်မှိန်ကိုအားပြုပြီးဖတ်ရှုပြီး အိပ်စက်ရ​ခြင်းကို လင်းရာဖြည်းဖြည်းချင်းသဘောကျနှစ်ခြိုက်လာခဲ့သည်။

ဒီလိုနဲ့ပထမဆုံးလာရောက်လည်ပတ်ရသော နွေရာသီ၃ လဟာ ကုန်ဆုံးသွားခဲ့သည်။ အလယ်တန်းကျောင်းသားဘဝနေ့ရက်များဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းနေပြီး နေ့လရာသီများဟာ လင်းရာအတွက်အဓိပ္ပါယ်မရှိခဲ့။ မိုးရေများကိုငေးကြည့်ရင်းမှ ကြည်စင်နေသောမျက်ဝန်းများကိုသတိရမိသလို အမြဲလိုလိုရွက်ဝါများကြွေကျနေသော တောအုပ်ငယ်ဟာ စိမ်းလန်းနေလောက်ပြီဆိုသောအတွေးများဝင်ရောက်လာတတ်သည်။

တိတ်ဆိတ်နေသောဘဝကြီးမှာ လာရောက်ပေါင်းသင်းဆက်ဆံသူနည်းပါးပြီး တစ်လတစ်ခါ psychologist တစ်ယောက်ရဲ့လာရောက်ဆွေးနွေးမှုများကိုလဲ လင်းရာစိတ်ကုန်လှသည်။

သံသယမျက်ဝန်းများဟာ လင်းရာကိုအရူးတစ်ယောက်လိုကြည့်ရှုနေတတ်ပြီး အဆင်ပြေရဲ့လား။ ဒီရက်ပိုင်းဘာလုပ်ဖြစ်သလဲဆိုတဲ့မေးခွန်းများကိုလဲမုန်းတီးတတ်လာသည်။

ထိုပြသနာများရဲ့အရင်းခံကတော့ လင်းရာဟာ မေမေသတ်သေမှုကိုမျက်မြင်ကြုံတွေ့ခဲ့သည့်တိုင်စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှုတစ်စုံတစ်ရာပြသခြင်းမရှိခဲ့တာကြောင့်ပါတဲ့။

You can see her in your dream Where stories live. Discover now