13

151 8 3
                                    

Unicode

"မေမေ ဒီဟာဘာရောင်လဲ"

"မေမေ သားအပြာရောင်လွယ်အိတ်လေးလိုချင်တယ် "

" မေမေ....အနီရောင်ပါဝါရိန်းဂျားက ပြန်ဆော်နေပြီ..."

" မေမေ...."

Color blindness သမားတစ်ယောက်က အဖြူနဲ့အနက်ဘဲ မြင်ရမယ်လို့ဘယ်သူပြောသလဲတဲ့။ ကာလာမခွဲခြားတတ်တဲ့အခြားအမျိုးအစားတွေရှိပါရက်နဲ့မှ သူမကမ္ဘာကြီးကဘာ့ကြောင့်ထာဝရ မှုန်မှိုင်းနေပါသလဲ။

ရောင်စုံခဲတံလေးနဲ့ဆေးခြယ်နေတဲ့ ကလေးငယ်က သားခြယ်ထားတာလှလားလို့မေးတဲ့အခါ.....

ကာတွန်းကြည့်နေတဲ့ကလေးငယ်က သူအကြိုက်ဆုံး အနီရောင်ပါဝါရိန်းဂျားအကြောင်းပြောတဲ့အခါ.....

ကျောင်းသွားဖို့မနက်အိပ်ယာထချိန်မှာ ဒီနေ့အပြာရောင်အကျီလေးဝတ်ချင်ပါတယ်လို့ပူဆာတဲ့အခါ....

တွေဝေမှုနဲ့နောင်တတွေကြားက ကလေးငယ်ရဲ့အပြုံးနဲ့ မေမေလို့ခေါ်သံဟာ အရာအားလုံးကိုရင်ဆိုင်နိုင်အောင်ခွန်အားပေးနိုင်တယ်ဆိုပေမဲ့...... အလိုမကျချိန်ငိုယိုဂျစ်တိုက်မှုဟာလဲ သူမရဲ့စိတ်ကိုဟိုးအောက်ထိ ထိုးကျစေနိုင်ခဲ့ပါတယ်။

ထိုအလိုမကျမှုထဲက အချို့တလေဟာ သူမရဲ့မပြည့်စုံမှုကြောင့်ဖြစ်ပေါ်လာချိန်မှာတော့ နဂိုထဲက စိတ်ဓာတ်ပျော့ညံ့တဲ့သူမအတွက် ထိုးနှက်မှုအကြီးစားအဖြစ်ပြောင်းလဲခဲ့ပါတယ်။ ဖြည်းဖြည်းချင်း လူ့ပတ်ဝန်းကျင်ထဲသူမရောက်လာလေလေ ကမ္ဘာကြီးဟာ သူမတယောက်ထဲအတွက် မှုန်မှိုင်းနေမှန်းသိသာလာလေလေဖြစ်ပြီး.....အရောင်စုံလှပတဲ့ ဟန်သာဘဝနဲ့ ဝေးကွာလွန်းလာတယ်လို့ထင်မြင်မိလာတာပါဘဲ။

ဒီလိုနဲ့ ဖြည်းဖြည်းချင်း သူမဟာ လူတွေနဲ့အဆက်အဆံနည်းပါးလာပြီး တိတ်ဆိတ်လာခဲ့တယ်။ တစတစဝေးကွာလာတယ်လို့ခံစားပြီးနောက်မှာ ဟန်သာဟာလဲ အိမ်ပြန်နောက်ကျလာခဲ့တယ်။ လူများပြီးရှုပ်ထွေးခြင်းကိုမကြိုက်တဲ့သူမအတွက်တော့ အိမ်မှုကိစ္စကူဖော်လောင်ဖက်များကို သူမတို့နေထိုင်တဲ့အိမ်နောက်ဘက် အဆောင်မှာသာရှိနေစေခဲ့တာမို့ နေ့ရက်တွေတိုင်းဟာ ကျယ်ပြောလှတဲ့အိမ်ထဲမှာ သူမရယ်၊ စကားနည်းပါးလွန်းလှတဲ့ သားငယ်လေးရယ်သာကျန်ရှိခဲ့ပါတော့တယ်။

You can see her in your dream حيث تعيش القصص. اكتشف الآن