Unicode
"မေမေ့ကိုမရိုက်ပါနဲ့.... "
အခန်းတံခါးဖွင့်လိုက်ချိန်မှာတွေ့ရသောမြင်ကွင်းကြောင့်လင်းရာဟာ ငိုယိုလျက် အမျိုးသမီးရှေ့မှာဝင်ခံသည်။ လက်သီးတစ်ချက်ဟာ လင်းရာမျက်နှာနားရောက်လာခဲ့ပြီးနောက်ရပ်တန့်သွားသည်။
" မေမေ့ကိုမရိုက်ပါနဲ့....."
ငိုရင်းပြောသောစကားသံများဟာ အက်ကွဲလျက်။
" သား...သား...မေမေ့ကိုကြည့်။ ဘာမှမဖြစ်ဘူးနော်။ ခဏနေရင် မေမေလာခဲ့မယ်။ အိမ်စာတူတူလုပ်ကြမယ်ဟုတ်ပြီလား.... အပြင်ခဏထွက်နေ"
လင်းရာဟာ အမျိုးသမီးအကျီစကိုသေချာဆုပ်ကိုင်ထားလျက်ခေါင်းခါသည်။ မျက်ဝန်းများဟာ ရှေ့မှာရှိနေသောထိုလူကိုဂျစ်ကန်ကန်နှင့်လှန်ကြည့်သည်။
" ဘာကြည့်တာလဲ။ သွား.....အပြင်ထွက် "
ရှိုက်ရှိုက်လျက် ငိုနေရင်းမှ လင်းရာဟာ အကျီစကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။
" မေ....မေမေနဲ့တူတူ....တူတူသွားမယ် "
မျက်ဝန်းများဟာကြောက်လန့်နေသည့်တိုင် နောက်ဆုံးချိန်ထိသတ္တိအချို့ကိုဆုပ်ကိုင်ရင် စကားသံတိုးတိုးထွက်လာသည်။
ဒေါသတကြီး ပစ်ပေါက်လိုက်သော တုတ်ကောက်။ အနည်းငယ်ထော့နဲ့စွာအပြင်ထွက်သွားသောအမျိုးသားရဲ့ကျောပြင်။
******
" ကြည့်ပါဦး မေမေ့သားလေးဆွဲထားတဲ့ပုံကို။ ဒါဘယ်သူ့ပုံလဲ...."လင်းရာဟာ ဆေးရောင်ခြယ်နေရင်းနဲ့မှ အမျိုးသမီးကိုမော့ကြည့်သည်။ အမြဲလိုလို အမာရွတ်များစွာနှင့်ရှိနေတတ်သောအမျိုးသမီးဟာ လင်းရာရှေ့မှာတော့အတောက်ပဆုံးပြုံးပြတတ်သည်။
" မေမေ...."
" မေမေ့ကလေးလေးက မေမေ့ပုံဆွဲပေးတာလား... လှလိုက်တာ "
လင်းရာဟာခေါင်းညိမ့်ရင်းမှ အဝါရောင်ခဲတံကိုထုတ်ကာအကျီကိုခြယ်သသည်။
" မေမေ့ကို ဘာအရောင်လေးဝတ်ပေးမှာလဲ "
" အဝါရောင်...."
" အဝါရောင်?"
" မေမေခုဝတ်ထားတဲ့အရောင် "
အမျိုးသမီးဟာ သူကိုယ်တိုင်ဝတ်ထားသောအရောင်ကိုငုံ့ကြည့်ရင်း ပြုံးသည်။
![](https://img.wattpad.com/cover/279501973-288-k649548.jpg)