5.

44 6 4
                                    

Unicode

အရောင်အားလုံးပပျောက်သွားတဲ့အခါ ကမ္ဘာလောကတစ်ခုလုံးဟာ အဖြူအမည်းများဖြင့်သာပြည့်နှက်နေခဲ့တယ်။ ကြည်လင်တဲ့ Black and white TV ကိုကြည့်နေရသလိုမျိုး ခံစားချက်ဟာ လင်းရာကိုစူးစမ်းမှုဖြစ်စေခဲ့တယ်။

ဆံပင်ရှည်များဟာနက်မှောင်ပြီး ဘီးကုပ်ငယ်လေးတစ်ခုပန်ဆင်ထားသောအမျိုးသမီးတစ်ယောက်။ ထိုအမျိုးသမီးဝတ်ဆင်ထားသော အစက်အပြောက်များပါသည့်အကျီဟာ အရောင်ဖျော့တစ်ခုဖြစ်မှန်းလင်းရာသိပေမဲ့.... အရောင်ကိုမှန်းဆမရနိုင်ခဲ့။ ကမ္ဘာကြီးဟာ ဖြည်းဖြည်းချင်းထိုင်းမှိုင်းလာပြီးမွဲခြောက်သွားသလိုခံစားချက်တစ်ခုနဲ့အတူ မွန်းကြပ်မှုဟာ လည်ပင်းမှာတစ်ဆို့လာပြီး ချောင်းဆိုးခြင်းကိုဖြစ်စေခဲ့သည်။

" အဟွတ် အဟွတ်....အဟွတ် "

ဆက်တိုက်ချောင်းဆိုးနေရာမှ ကပ်စေးစေးအမည်းရောင်အရည်များဟာ လင်းရာရဲ့ မီးခိုးဖျော့ရောင်လက်များမှာစွန်းပေလာပြီး နာကျင်မှုများဟာ ကျောပြင်ကိုစတင်ဝင်ရောက်လာသည်။

လင်းရာနောက်လှည့်ကြည့်မိလိုက်သည်။

" ဖေဖေ..... "

တိုးတိမ်စွာခေါ်လိုက်သောစကားဟာ မူးရူးလျက်ကန်နေသောခြေထောက်ကိုရပ်တန့်နိုင်စွမ်းမရှိခဲ့။ နာကျင်မှုကြောင့် လက်များကို ဦးခေါင်းဘေးတစ်ဝိုက်နေရာချလိုက်ပြီး မိခင်ဝမ်းမှာရှိနေသောကလေးတစ်ယောက်လိုခပ်ခွေခွေနေလိုက်မိသည်။ ရိုက်ပုတ်မှုများနှင့် နာကျင်မှုများ။ မျက်ရည်စများ။ အညိုအမဲများ။

ရုတ်တရက်ကန်ကျောက်နေသောခြေထောက်များရပ်တန့်သွားသည်။ တံခါးပိတ်သံခပ်ကြမ်းကြမ်းဟာနားထဲတိုးဝင်လာခဲ့ပေမဲ့ လင်းရာဟာ ခပ်ခွေခွေလှဲလျောင်းနေဆဲ။ လည်ချောင်းတွင်းရှိတစ်ဆို့မှုကြောင့် ချောင်းအနည်းငယ်ဟန့်လိုက်ပြီး မွဲခြောက်နေသောပတ်ဝန်းကျင်ကိုတစ်ချက်လှည့်ပတ်ကြည့်ရှုမိသည်။

မှန်တစ်ချပ်။ လင်းရာဟာ အနည်းငယ်တိုးကပ်ကြည့်ရှုလိုက်သည်။ စောစောကမြင်ခဲ့သောအမျိုးသမီးဟာ မှန်ထဲမှာရှိနေတာဖြစ်ပြီး လင်းရာရဲ့ကြောင်အနေသောမျက်ဝန်းများနည်းတူ ပြူးကျယ်လျက်စိုက်ကြည့်နေသည်။ အမည်းရောင်သွေးစများဟာ နှုတ်ခမ်းတဝိုက်တစ်စွန်းတစ်စရှိနေခဲ့ပြီး လက်ချောင်းများနှင့်အကျီများမှာပါ ပေကျံနေခဲ့သည်။ မျက်ဝန်းထောင့်စွန်းဟာ ဖူးယောင်နေပြီး ဘယ်ဘက်လက်ကောက်ဝတ်မှာတော့ ပတ်တီးစတစ်ခုရှိနေခဲ့သည်။

You can see her in your dream Nơi câu chuyện tồn tại. Hãy khám phá bây giờ