6.

37 4 0
                                    

Unicode

မေမေမရှိတော့သည့်နောက်ပိုင်းလင်းရာဟာ တိတ်ဆိတ်သွားသည်။ အရင်ထဲက နွေးထွေးမှုမရှိသောအိမ်ဟာ မေမေ့ကြောင့် အယောင်ပြ နွေးထွေးသယောင်ထင်ခဲ့ရပေမဲ့ မေမေမရှိတော့သည့်နှစ်များအတောအတွင်း သားအဖကြားဆက်ဆံရေးဟာ အေးစက်ကျဲပါးသွားခဲ့သည်။ တစ်လနေမှစကားတစ်ခွန်းပြောဖြစ်တာမျိုးကနေစပြီး ဖြည်းဖြည်းချင်းအချင်းချင်းတွေ့ဖို့ခက်ခဲလာသည်။ လင်းရာအနေဖြင့် ဖေဖေ့ကိုမြင်တိုင်း အပြစ်တင်စိတ်ဖြင့်မုန်းတီးသလို ဖေဖေဘက်ကလဲ မေမေ့မျက်ဝန်းများကိုပိုင်ဆိုင်သော လင်းရာကို မမြင်လိုခဲ့။

ဖြည်းဖြည်းချင်းအေးစက်သွားသောဆက်ဆံမှုအဆုံးမှာ တစ်အိမ်ထဲတူတူဆက်နေခြင်းဟာ အချင်းချင်းနာကျင်စေခဲ့ပါသည်။ တစ်ရက် လင်းရာ ကျောင်းကပြန်ရောက်ချိန်မှာအရာအားလုံးရှင်းလင်းနေခဲ့သည်။ ဖေဖေ့ပိုင်ပစ္စည်းများမရှိတော့တဲ့အိမ်ဟာ အတော့်ကိုကျယ်ဝန်းမှန်း လင်းရာပထမဆုံး သတိထားမိသည်။

တစ်ယောက်အိပ်ကုတင်ပေါ်လှဲလျောင်းချလိုက်ပြီး ဒူးကိုကွေးကာလက်နှစ်ဘက်ဖြင့်ပြန်လည်ပိုက်ထွေးလိုက်သည်။ အခန်းတံခါးကို တကူးတကပိတ်စရာမလိုတော့။ ယခင်က ဖေဖေ့ရဲ့ တုတ်ကောက်သံတွေကြားတိုင်း မေမေ့လက်ဆွဲကိုင်ပြီး ပြေးပုန်းစရာနေရာရှားခဲ့တဲ့အိမ်ငယ်လေးဟာ ယခုအချိန်မှာတော့ လင်းရာတစ်ယောက်ထဲအတွက် အတော်ပင်ကျယ်ဝန်းနေသည်။

" အိမ်စာလုပ်ရမယ်လေ.....မေမေကူလုပ်ပေးဖို့လိုနေသေးလား "

စကားသံခပ်တိုးတိုးဟာ လင်းရာနားထဲဝေ့ဝဲလာသလိုမျိုး။ ခပ်ခွေခွေနေရင်းမှပိတ်ထားသောမျက်ဝန်းတွေကို ဖွင့်ကြည့်မိသည်။ လင်းရာကိုငုံ့ကြည့်နေသော အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ဟာ ဖြတ်ခနဲ။ ငေါက်ခနဲကောက်ထပြီးမှဘေးဘီကိုဝေ့ကာ မေမေ့ကိုရှာမိသည်။

မရှိတော့.....

ဖွင့်ထားတဲ့တံခါးကတဆင့် ဧည့်ခန်းကိုမြင်နေရပြီးအရာရာဟာ သေသေသပ်သပ်ရှိနေခဲ့သည်။ ဆိုဖာများမရှိတော့သည်ကလွဲလို့ပေါ့။ ၆တန်းကလေးတစ်ယောက်ဟာ အရွယ်ရောက်ပြီလို့ဆိုနိုင်ပါသတဲ့။ အရွယ်ရောက်ခြင်းကိုတော့ ကိုယ့်ကိုကိုယ်စောင့်ရှောက်နိုင်ခြင်းနှင့်တိုင်းတာပါလျှင် လင်းရာဟာ ၇ နှစ်အရွယ်ထဲက အရွယ်ရောက်ခဲ့ပါသည်။

You can see her in your dream Onde histórias criam vida. Descubra agora