အပိုင်း ( ၁ )
ရာသီတွေဘယ်လိုပဲ ပြောင်းပြောင်း မနက်အစောပိုင်းမှာဆို မြူနှင်းတွေဝေနေတက်သည့် ပြင်ဦးလွင်မြို့လေး။ထိုမြို့လေးက မေမြို့ပန်းများပွင့်လန်းရာ နေရာဖြစ်သည့်အတွက် မေမြို့ဟူ၍လည်း ခေါ်တက်ကြ၏ ။
တောက်ပစွာထွက်လာသော နေရဲ့အလင်းတို့က ဦးလင်းနောင်တို့ရဲ့ခြံထဲက ပန်းပင်တွေအပေါ်ဖြာကျလျှက်ရှိသည်။ထိုခြံကြီးရဲ့ဘေးတွင် ပုံစံတူအိမ်များလည်းရှိ၏ ။ xxအိမ်ယာလို့ပြောလိုက်တာနဲ့ ပြင်ဦးလွင်မြို့ရဲ့ လူချမ်းသာတို့ အပန်းဖြေရာ အိမ်ကြီးတွေကို မြင်ယောင်လာစေမှာအမှန်ပင်။ ထိုအချိန်မှာ ခြံကြီးရဲ့နောက်ဖေးတွင် ပြေးလွှားကစားနေကြတဲ့ ကလေးနှစ်ယောက် ကို အားကျသောမျက်၀န်းများနှင့် ငေးကြည့်နေသော ကလေးတစ်ယောက် ။ ထိုသို့သော အားကျနေသောမျက်ဝန်းတို့ကို အမြဲအမှောင်ချထားသည့်အခါ လွှတ်မြောက်ဖို့ အတွက် ကြိုးစားကြလေသည်။
' ကိုကို....ကိုကို 'ဆိုပြီး တစာစာအော်နေသော ကောင်ငယ်လေးရဲ့ အသံက တိုးလျပေမဲ့ လင်းလက်ရဲ့ အာရုံထဲမှာတော့ ကျယ်လောင်စွာ ကြားနေရသည်။ သူ့ရဲ့အကြည့်တွေက မှန်ပြတင်းပေါက်ကနေမခွာနိူင်ဖြစ်လို့နေသည်။
လင်းလက် အပြင်ထွက်ပြီး သူတို့နဲ့ ကစားချင်သည်။ သူ့ကို မြင်သွားစေရန် အသံထွက်ပြီး အော်လိုက်ချင်သည်။ အခန်းက အလုံပိတ်ထားသည်ကို လင်းလက်မေ့ရော့နေခဲ့သည်။
ထိုအချိန်မှာ အခန်းတံခါးပွင့်လာပြီး ဦးလင်းနောင် အခန်းထဲဝင်လာသည်ကို လင်းလက် မမြင်ခဲ့ချေ။' ဒါက ဘာလုပ်ဖို့ကြိုးစားနေတာလဲ...'
ရုတ်တရက် အနောက်ဘက်ကနေ ကြားလိုက်တဲ့အသံကြောင့် လင်းလက် တစ်ကိုယ်လုံး ကြောက်ရွံမှုကြောင့် တစ်ဆက်ဆက်တုန်သွားသည်။ လက်ထဲမှ နေကြာပန်းအရုပ်လေးကို အကြောင်းပြချက်မရှိ ဖိချေနေရင်း ကြောက်ရွံ့မှုကို ထိန်းချုပ်လိုက်၏ ။
ဦးလင်းနောင် သူ့ရှေ့မှာ ရပ်နေတဲ့ လင်းလက်ကို မနှစ်မြို့ သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။
အဖေ့ရဲ့ စိမ်းသက်သက်အကြည့်တွေ့ကြောင့် လင်းလက် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်၏ ။ သူ့ရဲ့လုပ်ရပ်က အဖေ့ကို ဆန်ကျင်ခဲ့သည်မဟုတ်လား ။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ