အပိုင်း ( ၂၆ )ထင်းရှူးခြံကြီးဆီသို့ လူတစ်ဦး ချဥ္းကပ်လာသည်။
ထိုလူက ယိုင်နဲ့နဲ့ ခြေလှမ်းတို့နှင့် လက်ထဲက အထုတ်ကြီးကို မနိုင်မနင်း သယ်ဆောင်လာသည်။
မျက်လုံးများကလည်း ကျီးကန်းတောင်းမှောက် နေရာအနှံ့လိုက်ကြည့်နေပြီး ခြံအတွင်းသို့ လျှောက်လာနေလေသည်။ခြံအပြင်ဘက်ကိုခဏခဏ ကြည့်ပြီး သားကိုမျှော်နေသည့် ဒေါ်မြလေးက ထိုလူကိုတွေ့လိုက်ချိန်မှာ အ့ံဩသွားကာ ပန်းပင်ရေလောင်းဖို့အတွက် သူမကိုင်လာသော ရေကရားက မြေပေါ်သို့ လွတ်ကျသွားတော့သည်။
ဒေါ်မြလေး အိမ်ထဲသို့ ပြေးဝင်မည့်အလုပ်မှာ လက်ကို ဖမ်းဆွဲထားသော ထိုလူစိမ်း ကြောင့် သူမရဲ့ အကြံပျက်ဆီးသွားချေပြီ။
' မြလေး....နင် မြလေးမဟုတ်လား?။ ငါက မြတ်အောင် နင့်ယောက်ျားလေ ´
ယောက်ျား ...ဆိုသည့် စကားလုံးက သူမရင်ကို စူးနင့်စွာ နာကျင်စေပါ၏ ။
' အရှက်မရှိတဲ့ ပါးစပ်က ပြောထွက်ရဲတယ် အခုချက်ချင်း ခြံထဲက ထွက်သွားစမ်း ။ နင့်လို လူက ငါ့မျက်စိရှေ့ရောက်လာရဲသေးတယ် ။ အ့ံဩဘတော် ´
' မြလေးရယ် ငါ မှားပါတယ် ။ ဟောဒီလို ခြေထောက်ဖက်ပြီး တောင်းပန်ဆို တောင်းပန်ပါ့မယ်ကွာ ´
ထိုလူက အရှက်မရှိသလို မျက်နှာပြောင်လည်း တိုက်လှသည်။
သူမတို့ သားအမိနှစ်ယောက် ဘဝကို ကျေကျေနပ်နပ်ကြီး နင်းချေပြီးမှ တောင်းပန်ပါတယ်တဲ့လား ။
အဟင်း....ဒါက ဘယ်လိုခွေးစကားကြီးလဲ ။' မြလေးရယ် ငါ့ကိုသနားပါကွာ ။ မြလေးနှင်ရင် ဘယ်မှသွားစရာမရှိတော့လို့ပါ ´
' အဲ့ဒါရှင့်ကိစ္စပဲလေ ။ ခြံထဲက အခုချက်ချင်းထွက်သွားပေးပါ ´
ဦးမြတ်အောင် ချနင်းခဲ့တဲ့ သူမတို့သားအမိဘဝက လွန်ခဲ့တဲ့နှစ်များစွာကတည်းက ကြေမွပျက်စီးခဲ့ပြီးဖြစ်သည်။
ဒီလူယုတ်မာကို ခွင့်လွှတ်ပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါလေ ။မန္တလေး ပြင်ဦးလွင်လမ်းဘေးတစ်နေရာမှာ ရပ်နေသည့် ကားထဲတွင် လူငယ်နှစ်ယောက် နှစ်ခြိုက်စွာ အိပ်ပျော်နေပါသည်။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ