အပိုင်း ( ၃၁ )
' သား သေချာဆုံးဖြတ်ပြီးပြောတဲ့ အဖြေဆိုတာ သေချာလား ? ´
' သေချာတယ် မေမေ ´
ဇေယျာထူးဆီက ပြန်လာပြီး အိမ်ထဲဝင်ဝင်ခြင်း အမေရဲ့ စူးစမ်းမေးမြန်းခြင်းကို မြတ်နိုးအောင် ဖြေနေရသည်။
အမေက ဇေယျာထူးကို ချစ်လားဟု ခဏခဏမေးသည်။
မေးတိုင်း ချစ်တယ်ဟု မြတ်နိုးအောင် ဖြေခဲ့၏ ။' သူနဲ့သားက အခြေအနေမတူတာကိုရော သတိထားမိရဲ့လား ။ အမေ အမှန်တိုင်းပြောရရင် သားကို လင်းလက်နဲ့ပဲသဘောတူတယ် ။ သားလည်း လင်းလက်ကို ချစ်နေတာပဲမဟုတ်လား ။ အခုမှ ဘာလို့ ဒီကောင်လေးကို ချစ်တယ်ဖြစ်ရပြန်တာလဲ...´
ဒေါ်မြလေးရဲ့စကားတွေထဲမှာ လင်းလက်နာမည်ပါလာသည့်အခါမှာတော့ မြတ်နိုးအောင်၏ မျက်နှာက သိသာစွာပျက်သွားသည်။
လင်းလက်အပေါ်ထားခဲ့တဲ့ သူ့ရဲ့ ခံစားချက်တွေကို အမေ သိနေခဲ့တာ ဘယ်လောက်
်တောင် ကြာခဲ့ပြီလဲ ။မြတ်နိုးအောင် အလန့်တထိတ်နှင့် ဒေါ်မြလေးကို ကြည့်လိုက်သည်။
သားရဲ့အကြည့်တွေကို သူမ ခံစားနားလည်သည်။ ထို့ကြောင့် မြတ်နိုးအောင်ရဲ့ အကြည့်တွေကို ဒေါ်မြလေး စကားဖြင့် ဖြေလိုက်သည် ။' လင်းလက် အပေါ်သားရဲ့ တမူထူးတဲ့ဆက်ဆံရေးအပြုအမူတွေကြည့်ပြီး အမေ ခံစားမိခဲ့တာ ´
မြတ်နိုးအောင် အသက်ကိုဝအောင် ရှုသွင်းလိုက်ပြီး တည်ငြိမ်သောအသံဖြင့် ဒေါ်မြလေးကိုကြည့်ကာ ပြန်ဖြေလိုက်သည်။
' လင်းလက်ကို သား မြတ်နိုးစွာချစ်ခဲ့တာမှန်တယ်အမေ ။ ဒါပေမဲ့ ဇေယျာထူးကိုလည်း သား ချစ်တယ် ။ ဘယ်လိုအကြောင်းအရာတွေကြောင့် သူ့ကိုချစ်မိမှန်းမသိပေမဲ့ သား သူနဲ့ခွဲခွာရမှာကို သေမလိုကြောက်နေမိတယ် ´
' သူ့အဖေကရော သားနဲ့ သဘောတူမယ်ထင်လို့လား ။ ´
' သား ကြိုးစားကြည့်ချင်တယ် မေမေ ´
သား၏ အကြည့်များထဲမှာ တိကျပြတ်သားသည့် အရောင်များလျံထွက်နေ၏ ။
သားက သေချာနေမှတော့ သူမ တားလို့ ထူးမယ်မထင်တော့ပါ ။
ဘယ်လိုအကြောင်းအရာပဲရှိနေပါစေ သားကို ပ့ံပိုးနေရမှာ သူမ ရဲ့ တာဝန်မဟုတ်လား ။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ