အပိုင်း ( ၂၃ )
သက္ကရာဇ် ရင်ခွင်ထဲမှာ လိုက်ပါသွားသော လင်းလက်ရဲ့ မျက်နှာလေးက နီရဲနေပြီး အရှက်သည်းနေပုံပေါ်သည်။
ပြီးတော့ ရင်ခွင်ထဲကို တိုးခွေ့ဝင်နေပုံက ချမ်း၍လား ။
ဒါမှမဟုတ် ..............
ငါဆက်မတွေးရဲဘူး လင်းလက်ရာ ...။
ငါမင်းကိုမဆုံးရှုံးချင်လို့ .....အဆုံးထိမသွားပဲ ချုပ်တည်းနေခဲ့ရတာတွေအတွက် နောင်တမရချင်ဘူးဟာ ။မြတ်နိုးလွန်းလို့ အချိန်ပြည့်ကာကွယ်ပေးခဲ့တဲ့ပန်းလေး
ငြိုးငယ်ချိန်တိုင်း အမြဲဂရုစိုက်ပေးခဲ့တာတွေ
လိုအပ်နေချိန်တိုင်းမှာ ရှိနေချင်ပေမဲ့
ပန်းလေးက သူမြတ်နိုးရာကိုပဲ ကြည့်နေခဲ့တယ်
အနားမှာအဖော်ပြုနေတဲ့ သူ့ကိုတစ်ချက်လေးမှ လှည့်မကြည့်ဘဲနဲ့ပေါ့မင်းကိုးကွယ်တဲ့ နေမင်းကြီးက တစ်ဖန်လှည့်ကြည့်ပါစေလို့ ဆုတောင်းပေးပါတယ် နေကြာလေးရယ်.......။
လင်းလက်တို့ ထွက်သွားသည့် ပုံရိပ်ကို ငေးကြည့်နေရင်း မြတ်နိုးအောင် ရင်ဘတ်ထဲက နာကျင်လာသည်။
မျက်ဝန်းထဲက အရည်ကြည်လေးများသည် စိုလဲ့လာပြီး မျက်ဝန်းအိမ်ထဲမှ လျှံကျကာ ပါးပြင်ပေါ်စီးကျလာခဲ့သည်။နာကျင်ရတယ် လင်းလက်ရာ ။
ငါ့ဘက်ကို တစ်ချက်လောက်လှည့်ကြည့်ပါဦး ....။
တန်ပြန်သက်ရောက်မှုမရှိတဲ့ အချစ်ကို တမ်းတရတာဟာ နာကျင်မှုတစ်ခုမှန်းသိအောင် ငါ့ကိုသင်ပြချင်နေတုန်းပဲလား?။ချောင်းစပ်က သဲပြင်ပေါ် အင်အားချိနဲ့စွာ မြတ်နိုးအောင် လှဲအိပ်လိုက်၏ ။
ခြေထောက်ကအနာထက် ရင်ဘတ်ထဲကအနာက ပိုပြီးနာကျင်နေသည် မဟုတ်လား ။' ခင်ဗျားခြေထောက်မှာ သွေးတွေထွက်နေပြီ ´
အနားကနေ ထွက်လာသော အသံကြောင့် မှိတ်ထားသော မျက်လုံးများကို မြတ်နိုးအောင် ဖွင့်ကြည့်လိုက်သည်။
သူ့ရှေ့မှာ ဒူးထောက်ထိုင်ကာ ခြေထောက်ကို ဆေးထည့်ပေးနေသော ဇေယျာထူး' ငါ ဒီမှာ ရှိနေတာ မင်းဘယ်လိုသိတာလဲ?´
' ဒီလိုပဲ´
စကားကို တိုတိုပြတ်ပြတ်ပြောပြီး အနာကိုဆေးထည့်နေသော ဇေယျာထူးကြောင့် မြတ်နိုးအောင် အသံတိတ်နေလိုက်၏ ။
အရင်က သူ့ကို ရန်သူသဖွယ် ဆက်ဆံနေတက်သည့် ဇေယျာထူးက အခုသူ့ရှေ့မှာ အနာကိုဆေးထည့်ပေးနေပုံက တကယ့်ကို တယုတယ ။
ပြောင်းလဲသွားတဲ့ ဇေယျာထူးရဲ့ စိတ်နေစိတ်ထားကို မြတ်နိုးအောင်သိချင်မိ၏ ။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ