လူဆိုးကြီးမို့ချစ်ပါသည်

244 21 7
                                    


အပိုင်း ( ၃၇ )

ထင်းရှူးခြံသွားသည့် လမ်းတစ်လျှောက်လုံး သက္ကရာဇ် စိတ်လှုပ်ရှားစွာဖြင့် လိုက်ပါလာသည်။ ထင်းရှူးခြံကြီးကို အနီးကပ်မြင်ရလေလေ သူ့ရဲ့ စိတ်လှုပ်ရှားမှုက ပို၍တိုးလာသည်။
သူ့ကိုမြင်တွေ့လျှင်ဖြစ်လာမဲ့ လင်းလက်ရဲ့ တုန့်ပြန်မှုကို သက္ကရာဇ်မြင်ချင်သည်။
တွန်းထုတ်လေမလား ။ ဆွဲထားလေမလား ။ ဒါမှမဟုတ် ရှောင်ပုန်းနေမလား ။

သက္ကရာဇ် ခြံထဲကိုရောက်နေသည်ကို ဒေါ်ကြီး တွေ့လိုက်ရတော့ သူမရဲ့ ခန္ဓာကိုယ်က သူ့အလိုလို သက္ကရာဇ် သွားမည့်လမ်းကို ပိတ်ရပ်လိုက်၏ ။
သက္ကရာဇ်ကလည်း ရှေ့ဆက်မတိုးဘဲ ဒေါ်ကြီးကို နှုတ်ဆက်လိုက်သည် ။

' ဒေါ်ကြီး ကျွန်တော် လင်းလက်နဲ့တွေ့ချင်လို့ပါဗျ ´

သက္ကရာဇ်မျက်နှာကိုစေ့စေ့ကြည့်တိုင်း ကလေးနောက်ကျောက အညိုအမဲစွဲထင်နေသည့် ပုံရိပ်များက သူမရဲ့ အတွေးထဲကြီးစိုးလို့နေ၏ ။
ကလေးထွက်မသွားခင်က ဒဏ်ရာမဆိုနှင့် အပြစ်အနာအဆာ မရှိ ။ ဆေးရုံမှာလည်း ထိခိုက်စရာနေရာမရှိ။ သို့သော် လင်းလက်ကိုဆေးလိမ်းပေးနေစဥ္ စကားပြောနေရင်း ဒေါ်ရီရီဝင်းနာမည်ပါလာသည်ကို သူမ သတိထားမိလိုက်သည်။
ထိုအကြောင်းအရာများကို ဆက်စပ်တွေးကြည့်လိုက်ရင် သက္ကရာဇ်နှင့် သွယ်ဝှိက်ပတ်သက်လိမ့်မည်ဟု သူမ စိတ်မှာ ခံစားသိလိုက်ရသည်။

' တွေ့လို့မရဘူး ။ တွေ့ခွင့်လည်းမပေးနိုင်ဘူး ´

' ဒေါ်ကြီး ကျွန်တော့်ကို လင်းလက်နဲ့တွေ့ခွင့်ပြုပါဗျာ ´

သက္ကရာဇ် ရိုကျိုးစွာ ဒေါ်ကြီးကိုတောင်းဆိုမိသည် ။
သို့သော် ဒေါ်ကြီး မျက်နှာက ကျေနပ်နေသည့်ပုံမပေါ်ပေ။

' ငါ လိုက်ရောခဲ့တယ်။ ဒါပေမဲ့ အခုတော့မရတော့ဘူး ´

ဆုံးဖြတ်ချက်ပြတ်သားမှုကို ဒေါ်ကြီးရဲ့ မျက်နှာထက်မှာ အထင်းသားမြင်တွေ့နေရ၏ ။ သက္ကရာဇ် ကလည်း ဇွဲမလျော့ပေ ။ ဒေါ်ကြီးရဲ့ လက်ကို တင်းနေအောင် ဖမ်းဆုတ်ပြီး မြေပေါ်သို့ ဒူးထောက်ထိုင်လိုက်သည်။

ကြယ်လေးဖြစ်ခွင့်ပြုပါ ( ကြယ်လေးဖြစ်ခွင့်ပြုပါ )Donde viven las historias. Descúbrelo ahora