အပိုင်း ( ၁၀ )
တိမ်ဖြူတိမ်ရိပ်များ ယှက်သန်းနေသော ကောင်းကင်ပြာကြီးက နေ နဲ့အပြိုင် တောက်ပစွာ သာယာလို့နေသည်။
လေညှင်းတို့ တိုက်ခိုက်နေသည့် တောင်တန်းလေးပေါ်မှာ မျက်နှာညိုးငယ်နေသော လူတစ်စု က မိုးပြာရောင်ကမ္မည်းမှတ်ကျောက်တိုင်အသစ်လေးရှေ့မှာ ရပ်နေလေသည်။
ဦးလင်းနောင်က ရှိုင်းလက်သေဆုံးပြီး နောက်နေ့မနက်မှာပဲ ရှိုင်းလက်လေးကို သူနဲ့အနီးဆုံးနေရာမှာရှိနေစေဖို့အတွက် ထင်းရှုးခြံထဲက တောင်မို့လေးပေါ်မှာပဲ မြေမြှုတ်ကာ ကမ္မည်းမှတ်ကျောက်တင် ထားရှိခဲ့သည်။မောင် ရှိုင်းလက်
အသက် ၁၁နှစ်
၉၆ပါးရောဂါဖြင့်ကွယ်လွန်သည်ရှိုင်းလက်ရဲ့ အကြိုက်ဆုံးအရောင်လေးဖြစ်တဲ့ မိုးပြာရောင်လေးကအခုတော့ သူအိပ်စက်ရာမြေပုံမို့မို့လေးဘေးမှာ အေးချမ်းစွာ အဖော်ပြုပေးနေလေသည်။
ထို မှတ်ကျောက်တိုင်မှာ ထည့်ထားသည့် ရှိုင်းလက်ရဲ့ ဓာတ်ပုံက အရာအားလုံးကို အေးချမ်းစေသော အပြုံးလေးနှင့် ချစ်စဖွယ် ရယ်ပြနေသည်။
သို့သော်လည်း ဉီးလင်းနောင်ရဲ့ ရင်ထဲမှာတော့ နေဆယ်စင်းမကသော အပူများနဲ့ သားငယ်လေးရဲ့ မြေပုံရှေ့မှာ ရပ်နေလေသည်။
ဝမ်းနည်းပူဆွေးခြင်းတို့က သူ့ရဲ့ ခွဲခြားနိူင်သည့် စိတ်တို့ကို ဝါးမြိုနေလေသည်။
လစ်ဟာသွားသော ရင်ဘက်ထဲက သားငယ်လေးရဲ့နေရာကို တမ်းတရင်း ဦးလင်းနောင်ကောင်းကင်ပြာကြီးကို ငေးကြည့်နေမိသည်။ ဦးလင်းနောင်ရဲ့ အမှန်ကိုလက်ခံဖို့ခဲယှဥ္းပြီး ယူကျုံးမရသောဖြစ်နေသော အတွေးများက သူ့ကိုယ်သူ မေးခွန်းထုတ်နေလေသည်။လောကကြီးကနေ အစောဆုံးထွက်ခွာဖို့ သူ့သားလေးက အပြစ်လုပ်ခဲ့လေသလား ?
ဘာကြောင့်များလဲ?.......သူ့ရဲ့သားလေး အခုလိုဖြစ်စေခဲ့တာ ဘာကြောင့်များလဲ.....
တကယ်ပင် ဖြေသူ ကင်းမဲ့နေသော မေးခွန်းတစ်ခု။' ဖေဖေ ....´
ဆယ်နှစ်မက အိုစာသွားသော မျက်နှာနှင့် အဝေးကိုငေးနေသည့် ဖေဖေ့လက်ကို လင်းလက် အရဲစွန့်ကာ လှမ်းကိုင်လိုက်၏ ။
စူးရဲလှသည့် ဦးလင်းနောင်၏ အကြည့်များနှင့် လင်းလက်တို့ အကြည့်ချင်းဆုံ သွားချိန်မှာ ဆွဲထားသော လက်ကို ပြန် ရုတ်သိမ်းလိုက်သည်။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ