အပိုင်း ( ၂၅ )
ကောင်းကင်ယံမှာ တိမ်တိုက်တွေက လေနှင်ရာ လွှင့်နေပြီး နေရောင်ခြည်က မြေပြင်ပေါ် တိုက်ရိုက်ကျနေသည်။
ရာသီဥတုက သာယာနေပေမဲ့ အမြဲတမ်းနေရောင်ခြည်နဲ့ထိတွေ့နေရသော လူတွေအဖို့တော့ ပူပြီး အားအင်ကုန်ခမ်းစေသည် ။မြတ်နိုးအောင် အပင်တွေကို ပျိုးပေးနေရင်း သူ့ရှေ့က အရာဝတ္ထုတွေက ဝေဝါးသွားလေ၏ ။
အမြင်အာရုံက ဝေဝါးနေရာမှ မည်သည့်အရာကိုမှ မမြင်နိုင်တော့သည်အထိ မှောင်မဲသွားသည်မို့ မြတ်နိုးအောင်၏ ခန္တာကိုယ်က ယိုင်လဲမတက်ဖြစ်သွားသည်။' ရရဲ့လား ကိုမြတ်နိုးအောင် ´
ကိုစိုးကြီးရဲ့ ဖေးမမှုကြောင့် မြတ်နိုးအောင်လဲကျမသွားပေမဲ့ စိတ်ထဲမှာတော့ ထိတ်လန့်နေဆဲပင်။
' ရတယ် ကိုစိုးကြီး ´
' ငါပြောသားပဲ နားနားနေနေ လုပ်ပါလို့ ။ အစ်ကိုလေး မရှိကတည်းက အလုပ်တွေဇွတ်တိုးလုပ်နေတာ အခုတော့ပင်ပန်းပြီပေါ့ ´
ကိုစိုးကြီးတွဲခေါ်ရာနောက်သို့ မြတ်နိုးအောင် လိုက်လာသည်အထိ မည်သည့်အရာကိုမှမမြင်ရဘဲ မှောင်မဲနေသည်။
တဗြစ်တောက်တောက်ပြောနေသော ကိုစိုးကြီးစကားတွေကိုလည်း ခွန်းတုန့်ပြန်ဖို့ မြတ်နိုးအောင် မကြိုးစားမိခဲ့ပေ။မျက်လုံးကိုမှိတ်ပြီးသာ အနားယူလိုက်၏ ။
ခဏအကြာမှာတော့ မြတ်နိုးအောင် အားယူပြီး မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။
မိမိရဲ့ မျက်လုံးရှေ့မှာ ပြုံးရယ်ပြနေသော ဇေယျာထူးကို ပထမဆုံးမြင်လိုက်ရ၏ ။' ခင်ဗျားအိပ်နေတာလား? ´
' မဟုတ်ပါဘူး ဒီတိုင်းပဲ ခဏနားနေတာပါ ´
အရင်ကထက်စာရင် ဇေယျာထူးက တစ်နေ့တစ်ခြား ချစ်ဖို့ကောင်းလာသည်။
နေ့တိုင်းလိုလို သူ့ထံအမြဲလာတက်ပြီး စကားပြောပေးသည်။ ဟာသတွေပြောပြီး ရယ်အောင်လည်း လုပ်ပေးသည်။
တစ်ခါတစ်လေ အိမ်ကိုရောက်နေတက်ပြီး အမေနဲ့အတူ ရင်းနှီးစွာ နေတက်သေး၏ ။' ဘာမဟုတ်ရမှာလဲ သူက အစ်ကိုလေးကိုလွမ်းနေတာလေ ...ဟင် !!´
ကိုစိုးကြီးက ဇေယျာထူးရဲ့အလိုမကျသည့် စူပုတ်ပုတ်ဖြစ်နေသည့် မျက်နှာကိုမြင်လိုက်ရချိန်မှာ ပြောနေသည့်စကားက ရပ်တန့်သွား၏ ။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ