အပိုင်း ( ၁၇ )
တီ.....တီ.....တီ.....
စားပွဲတင်ထားသော ဖုန်းက အချိန်မဟုတ်အခါမဟုတ် ထမြည်နေသည်။
တိတ်ဆိတ်သော ပတ်ဝန်းကျင်က ဖုန်းသံကြောင့် ဆူညံသွား၏ ။
ဦးလင်းနောင် က အိပ်ချင်မူးတူးဖြင့် ဖုန်းကို ကောက်ကိုင်လိုက်သည်။' ဟဲလို...'
' မင်္ဂလာပါ ကိုလင်းနောင် ၊ ကျွန်တော် ဦးကောင်းပါဗျ '
ဦးကောင်း၏ အသံကို ဦးလင်းနောင် ကြားလိုက်ရချိန်မှာ မူးဝေနေသည့် အရက်အရှိန်က ချက်ချင်းပြေပျောက်သွားသည်။
' နေကောင်းရဲ့လား ဦးကောင်း '
' ကျွန်တော်ကတော့ ကောင်းတာပေါ့ဗျာ ၊ ခင်ဗျားအကြွေးဆပ်ဖို့ရော စဥ္းစားနေရဲ့လား ကိုလင်းနောင် '
' ကျွန်တော် ဆပ်မှာပါ ဦးကောင်းရာ ။ ဒါပေမဲ့ခဏလောက် စောင့်ပေးပါဦးလို့ ကျွန်တော် မျက်နှာပူစွာနဲ့ တောင်းဆိုပါရစေဗျာ '
' မဖြစ်နိူင်ဘူးထင်တယ် ဦးလင်းနောင် ၊ ကျွန်တော်စောင့်နေတာ နှစ်အတော်ကြာပြီလေဗျာ ဒီထပ်ပိုပြီးမစောင့်နူိင်တော့ဘူးဗျ ။ ဒီလကုန် မှ မဆပ်ရင် ခင်ဗျားခြံကို သိမ်းရလိမ့်မယ် ။ ဒါပဲဗျာ...ခင်ဗျားကိုအသိပေးတာ '
' ခဏ....ခဏနေပါဦး '
ဦးလင်းနောင်က တားနေသော်လည်း တစ်ဖက်လူက ဖုန်းချသွားပြီဖြစ်၏ ။
သားလေးရှိတဲ့ ခြံကို သူမပေးနိူင် ။
ပိုင်ဆိုင်မှုဆိုလို့ ထင်းရှုးခြံသာကျန်တော့သည့်အတွက် နောက်ဆုံးအချိန်ထိ လက်မလွှတ်ချင်ပါ ။
ဦးလင်းနောင်က စားပွဲတင်ထားသော အရက်ခွက်ကို တစ်ကြိုက်တည်းမော့သောက်လိုက်၏ ။
ပြီးနောက် ရှိုင်းလက်ရှိရာ တောင်တန်းလေးပေါ်သို့ တယိုင်းတယိုင် လမ်းလျှောက်သွားလိုက်သည်။သန်းခေါင်ယံအချိန်ဖြစ်တာကြောင့် ည၏ လေအေးတို့က ဦးလင်းနောင်ကို တိုးဝင်တိုက်ခတ်လျှက် ။
ခြေဗလာနှင့် လျှောက်လာသည့်အတွက် ခြေဖဝါးက ခဲ ၊ဆူးများ စူးကာ သွေးများပင်စို့နေလေသည်။
ဦးလင်းနောင် လမ်းလျှောက်နေသည့် လမ်းတစ်လျှောက်လုံး ယိုင်လဲကျလိုက် ပြန်ထလိုက်ဖြင့် တောင်တန်းလေးဆီသို့ တော်တော်နှင့် မရောက်နိူင်ခဲ့ပါ။
CZYTASZ
Romansနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ