အပိုင်း ( ၂၂ )
ရှိုင်းလက် ဆုံးပါးသွားသည့် ရေတံခွန် ချောင်းစပ်မှာ ကန္နမာပန်းဖြူလေးကိုကိုင်ကာ လင်းလက် အကြာကြီးရပ်နေမိသည်။
မွေးနေ့ရောက်တိုင်း ဒီနေရာလေးမှာ လင်းလက် ရပ်ရင်း နေ့ တစ်နေ့လုံးကိုကုန်ဆုံးစေသည်။
ငယ်ငယ်ကတည်းက မွေးနေ့ဟူ၍ အထူးတလည် ကျင်းပခဲ့ခြင်းမရှိတာမို့ သူ့ရဲ့မွေးနေ့က သာမာန်နေ့ရက်နဲ့အတူတူပင်။
သို့ပေမဲ့ ကိုကိုဆုံးပါးသွားသည့်နေ့ရက်ကစလို့ မွေးနေ့ရောက်တိုင်း လင်းလက် နာကျင်ရသည်။
ထို့နေမှာ သေသင့်သူက သူကိုယ်တိုင်သာဖြစ်သင့်သည်။လင်းလက် ရပ်နေရာမှ ကိုကို့အတွက် ပန်းထားဖို့ ကျောက်ဆောင်တစ်ခုပေါ်လှမ်းတက်လိုက်၏ ။
ကျောက်ဆောင်က ရေညိှတက်နေသည်ကို လင်းလက် သတိမထားမိလိုက်။
လင်းလက် လှမ်းတက်ချိန်မှာ ကျောက်ဆောင်ပေါ်က ရေညိှတို့ကြောင့် ခြေချော်ကျသွားလေသည်။ဗွမ်း....
ရုတ်တရက် ရေထဲကို ပြုတ်ကျသွားတာမို့ လင်းလက် အသိစိတ်လွတ်ကာ ရုန်းကန်ဖို့မေ့သွားသည်။
' လင်းလက်!!!´
' လင်းလက် ´
ရေထဲကျသွားသော လင်းလက်ကြောင့် သက္ကရာဇ် ထူပူသွားပြီး လင်းလက်ရဲ့နာမည်ကို အော်ခေါ်လိုက်သည်။
ညီ....ညီလို နောက်ထပ်အဖြစ်မျိုး ထပ်ဖြစ်မှာကို သက္ကရာဇ်မလိုလားပါ။
ထို့ကြောင့် ရေစပ်ရှိရာ သို့ အမြန်ပြေးလာလိုက်သည်။သက္ကရာဇ် ရောက်နေသည့် ရေစပ်ဘေးကကျောက်ဆောင်နားမှာ မိုးပြာရောင်တီရှပ်လေးနဲ့ ရပ်နေသော ရိှုင်းလက် ။
' ညီ ......´
' ကိုကို...ညီ့ကိုချစ်ရင် လင်းလက်ကိုမကယ်ရဘူး ´
' ညီ ဘာတွေပြောနေတာလဲ? သူက ညီရဲ့ ညီလေးလေ ´
' မသိဘူး....ကိုကို မကယ်ရဘူး။ လုံးဝမကယ်ရဘူး ။ သူ့ကိုကယ်တာနဲ့ ညီ ခုန်ချမှာနော် ´
ပြောရင်းဆိုရင်း ရှိုင်းလက်က သက္ကရာဇ်ရဲ့ မျက်စိရှေ့မှာပဲ ကျောက်ဆောင်ပေါ်ကနေ ခုန်ချသွားလေသည်။
' မလုပ်ရဘူး ... မလုပ်ပါနဲ့ ညီ.....ညီ ´
ညီ့ကို သူလှမ်းဆွဲခဲ့ပေမဲ့ ညီက ရေထဲမှာ အသက်မဲ့နေခဲ့လေပြီ။
မဟုတ်ဘူး.....ညီ။ ဒါက ညီမဟုတ်ဘူး ။
ညီ,မသေရဘူး ......ကိုယ့်ကိုမထားခဲ့ပါနဲ့ ။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ