အပိုင်း ( ၃ )
' သားလေး ရှိုင်း.... ကျောင်းသွားရအောင် '
ဦးလင်းနောင် အလုပ်သွားဖို့ ပြင်ဆင်ပြီး သားဖြစ်သူ ရှိုင်းလက် ကို နိုးလိုက်သည်။ သူနိုးခါမှ စောင်ပုံအောက်နစ်ဝင်သွားသော ရှိုင်းလက်ကြောင့် ဦးလင်းနောင်က ခြုံစောင်ကိုဆွဲဖယ်လိုက်၏ ။
' ဒယ်ဒီ....သားအိပ်ချင်သေးတာကို ခဏလေးအိပ်ခွင့်ပြုပါနော် '
' မဖြစ်ဘူး ရှိုင်းလက် ၊ အခုချက်ချင်းထရမယ် '
ဦးလင်းနောင် ရဲ့ ခက်ထန်သော အသံကြောင့် ရှိုင်းလက် မထချင်ပဲအိပ်ယာက ထလိုက်သည်။
အဖေက တခြားနေရာမှာသာသူ့ကို အလိုလိုက်ခဲ့ပေမဲ့ စာနဲ့ပတ်သက်ရင်တော့ စည်းကမ်းကြီးသည်။ ရှိုင်းလက်ရဲ့ နှုတ်ခမ်းတွေက အလိုမကျစိတ်ကြောင့် စူထော်နေလေ၏ ။
ခဏအကြာမှာတော့ ဒေါ်ကြီးဝင်လာပြီး ရှိုင်းလက်ကို ကျောင်းသွားရန် ပြင်ဆင်ပေးတော့သည်။
ရှိုင်းလက်က ၅တန်းကျောင်းသားလေး ဖြစ်သည့်အတွက် အင်္ကျီအဖြူလက်တို၊ အစိမ်းရောင် ဘောင်းဘီတိုလေးနဲ့ ကျောင်းသွားရန် အခန်းထဲမှ ထွက်လာခဲ့သည်။
အိမ်အပြင်သို့ ဦးလင်းနောင်တို့ သားအဖေ ထွက်လာခဲ့သည်။
အိမ်ရှေ့မှာ ကျောင်းသွားရန် စောင့်နေသော သက္ကရာဇ် ကို မြင်တော့ ရှိုင်းလက် သက္ကရာဇ် ထံပြေးသွားလိုက်၏ ။' ကိုကို...'
သူ့ထံပြေးလာသော ရှိုင်းလက် ကို သက္ကရာဇ် အပြုံးနဲ့ ဆီးကြိုလိုက်၏ ။ အင်္ကျီလက်ရှည်အဖြူ ၊ အစိမ်းရောင်ပုဆိုးကို ဆင်မြန်းထားပုံက သက္ကရာဇ် နဲ့ လိုက်ဖက်ညီလွန်းသည်။ ပုံမှန်အချိန်တွေဆို သက္ကရာဇ် က တည်တန့်နေတက်တာကြောင့် သူ့ဘေးမှာ အရှိန်အဝါတစ်ခု အမြဲစည်းခြားလျက်ရှိသည်။
ရှိုင်းလက်က သူ့အင်္ကျီနဲ့ ကိုကို့ရဲ့ အင်္ကျီက မတူညီတာကြောင့်
စိတ်ရှုပ်သွားသည်။
သားမျက်နှာက အလိုမကျဖြစ်နေသည်ကို ဦးလင်းနောင်က မြင်ဖြစ်အောင်မြင်လိုက်၏ ။' သားဘာဖြစ်လို့လဲ..... ဒယ်ဒီကိုပြော '
' သား ကိုကိုလိုဝတ်ချင်တယ် ဒယ်ဒီ '
' နောက်နှစ်ကြဝတ်ရမှာ မပူနဲ့ ညီ '
သက္ကရာဇ် ဂျီကျနေသော ရှိုင်းလက်ကို ကားထဲ အတင်းထည့်ကာ ကျောင်းသို့ထွက်လာခဲ့သည်။ ဒေါ်ကြီးက ကားထဲကို ထမင်းချိုင်ထည့်ထားသောခြင်းကို တင်ပေးလိုက်၏ ။ ရှိုင်းလက်က ကားမှန်တံခါးကို ချပြီး ဦးလင်းနောင် ကို နှုတ်ဆက်လိုက်သည်။
YOU ARE READING
Romanceနေမင်းကြီးလို မတောက်ပချင်နေပါ ကြယ်လေးလောက်တော့ လင်းလက်ခွင့်ပြုပါ