EP-26[Z&U]

425 68 3
                                    

>>>>>>Zawgyi<<<<<

ဂျူလိုင် 2010က ကုဝေ နဲ့ ကျွန်မအတွက်တော့ ပိုင်းခြားထားတဲ့ စည်းပါပဲ။ ပြီးခဲ့တဲ့ ရက်တွေက ရိုလာကိုစတာ ဖြည်းဖြည်းချင်း အပေါ်တက်သွားတဲ့ ပထမဆုံး ၂၀စက္ကန့်လောက်ကို စီးနေရတဲ့အတိုင်းပဲ။ အဲ့နေ့တွေ နောက်မှာတော့ ပြဿနာအများကြီး ရောက်လာရော။

ကုဝေရဲ့ အိမ်မှာနေဖြစ်တဲ့ ကျွန်မရဲ့ အားလပ်ရက် သုံးရက်မြောက်နေ့မှာ တချို့ အချက်အလက်တွေအတွက် ဒေါက်တာချန်းက သူ့ကို ဆေးရုံကို ခေါ်လိုက်တာမို့ အိမ်မှာ ကျန်ခဲ့တဲ့ ကျွန်မက လတ်တလော‌လေးကမှ ကျွန်မ မိဘတွေဆီက သင်ထားခဲ့တဲ့ ကန်စွန်းဥစွပ်ပြုတ်ကို လက်တွေ့စမ်းသပ်နေလိုက်တယ်။ ကန်စွန်းဥအခွံကို ခွာပြီးတဲ့အချိန်မှာ တံခါးဘဲလ်က မြည်လာတယ်။ ဒါကြောင့်ပဲ မပြင်ဆင်ထားဘဲနဲ့ တံခါးကို ဖွင့်လိုက်တယ်__

"..."

"..."

တဖက်က ပြုံးလာပြီး : "သမီးက လင်းကျီရှောင်လား? အန်တီက ကုဝေရဲ့ အမေပါ"

"ဟယ်...လို အန်တီ"

ကျွန်မ ခေါင်းတစ်ခုလုံးက ရေအိုးထဲက ဆူပွက်နေတဲ့ ရေတွေလိုပဲ ပူထူလာတယ်....

ဘာလို့များ ငါ့ဆံပင်တွေ ရှုပ်နေရတာလဲ? ဘာလို့များ ကုဝေရဲ့ တီရှပ်ကို ၀တ်ထားမိတာလဲ? ငါ့လက်ပေါ်မှာ ဘာလို့များ အချွဲတွေ ရှိနေရတာလဲ?! ဘာလို့ သူက ငါ့ကို တစ်ခွန်းမှ မပြောခဲ့ရတာလဲ?!!

ဒေါက်တာ့အမေ : "သူ့အဖေက ဒီနားတဝိုက်မှာ ၀ယ်စရာရှိတာနဲ့ ရောက်တုန်းလေး အန်တီလည်း ရုတ်တရက် ၀င်ကြည့်လိုက်တာ။ ဘာစွတ်ပြုတ်တွေ ချက်နေတာလဲ?"

"ကန်စွန်းဥ အာလူး အသားတုံး စွတ်ပြုတ်ပါ။ နွေရာသီမှာ သောက်ရင် ပိုပြီး မြိန်တယ်"

ဒေါက်တာ့အမေက ပြုံးလိုက်ပြီး ဈေးဝယ်အိတ်‌ထဲက အရာတွေကို ထုတ်ပြီး ချလိုက်တယ်။ ကျွန်မတော့ လက်ကို အိတ်ကပ်ထဲ ထည့်ပြီး မြန်နိုင်သလောက် မြန်မြန်လေး ကုဝေရဲ့ နံပါတ်ကို နှိပ်လိုက်ပြီးတော့ ကန်စွန်းဥကို တည်ငြိမ်စွာနဲ့ပဲ အခွံဆက်နွှာနေလိုက်တယ်။

နာရီဝက်ထက် နည်းနည်းလောက် ကြာပြီးတဲ့အခါ ကုဝေက တံခါးဖွင့်လာတယ်: "အမေ?"

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now