EP-21[Z&U]

568 94 5
                                    

[Zawgyi]

ကုဝေရဲ့ တိုက်ခန်းမှာ ကုတင်တစ်လုံးပဲရှိတာမို့ ကျွန်မ ကိုယ့်ကိုကိုယ်တောင် ဘယ်လိုပြောပြရမှန်းမသိအောင် စိတ်လှုပ်ရှားစေတယ်။

ကုတင်ပေါ်မှာ တောင့်တောင့်ကြီး လှဲနေရင်းနဲ့ပဲ အတွင်းဝတ်တွေကလွဲပြီး ကျွန်မ ကိုယ်ပေါ်က အဝတ်အစားအားလုံးက ကုဝေဟာဆိုတော့ ကျွန်မကို ပိုပြီး ပျာယာခတ်သလိုခံစားရစေတယ်။

အတွေးတွေနဲ့ ကျွန်မမျက်လုံးတွေမှိတ်လိုက်တယ် "ငါဒီအဆင့်ထိတောင် နောက်ဆုံး ဘယ်လိုရောက်ခဲ့မိတာပါလိမ့်?" ကုဝေကတော့ ရေချိုးပြီးတာမို့ ရေချိုးခန်းထဲက ထွက်လာခဲ့တယ်။

ကျွန်မ ဆက်ပြီး မျက်လုံးမှိတ်ထားဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

သူ့ဆံပင်ကို ထိုးဖွလိုက်တဲ့အသံ၊ ဖန်ခွက်ယူပြီး ရေသောက်လိုက်တဲ့အသံ၊ ကွန်ပျူတာကို ပိတ်တဲ့အသံ၊ ဖုန်းကိုအားသွင်းတဲ့အသံနဲ့ မီးပိတ်လိုက်တဲ့အသံကို ကျွန်မ နားထောင်နေခဲ့တယ်။

အနည်းငယ်ပြေလျော့နေတဲ့ ကျွန်မ ခန္ဓာကိုယ်ပေါ်ကအမွှေးနုလေးတွေက ရုတ်တရက် ဂွမ်းစောင် မ ခံလိုက်ရတဲ့အခါ ထောင်သွားတယ်။(ကြက်သီးထသွားတယ်လို့ ပြောချင်တာပါ)

"လင်းကျီရှောင် စကားပြောရအောင်"

ကျွန်မ အသက်ရှူလိုက်ပြီးနောက် မျက်လုံးတို့ဖွင့်လိုက်တယ် "ဘာအကြောင်းလဲ?"

"ဒေါက်တာတစ်ယောက်ရဲ့ အသက်မွေးဝမ်းကြောင်းကို ဘယ်လိုထင်လဲ?"

"ဒဏ်ရာရတဲ့လူတွေကို ပျောက်ကင်းအောင် နဲ့ သေတော့မယ့်လူတွေကို ကူညီပေးတာ"

"......လက်ထပ်တဲ့ ရှုထောင့်ကနေ"

"အများအားဖြင့်တော့ သူတို့က လက်ထပ်တာ နောက်ကျကြတယ်"

"......ဒိတ်လုပ်တဲ့ ရှုထောင့်ကနေဆိုရင်ရော"

"သူတို့မှာ အချိန်မရှိကြဘူးလေ"

ကုဝေကတော့ ကျွန်မနဲ့စကားဖလှယ်တာကို လုံးလုံးကြီး အရှုံးပေးသွားတယ်။ သူလှဲချလိုက်ပြီး ကျွန်မကိုယ်လေးကို သူ့လက်မောင်းတွေထဲ ယူလိုက်ပြီးနောက် သက်ပြင်းခပ်ဖျော့ဖျော့ ချလိုက်တယ် : "အိပ်ကြရအောင်"

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now