EP-3.1{Zawgyi & Unicode}

1.8K 218 1
                                    

>>>>>>>Zawgyi<<<<<

ဆရာလင်း ခွဲစိတ်ပြီး လေးရက်မြောက်နေ့မှာတော့ သတိအခြေအနေက လုံးဝပြန်လည်လာခဲ့ပြီ။ မနက်တိုင်းမှာ ဂျူတီကျတဲ့ ဒေါက်တာတွေက လာရောက်စစ်ဆေးပေးကြ   တယ်...

Director A : ဒီနေ့ရော ဘယ်လိုခံစားရသေးလဲ?

"လေပွတတ်တာကြောင့် တခါတလေ နာတတ်တာကလွဲ ကျန်တာအဆင်ပြေပါတယ်" လို့ ကျွန်မပြန်ဖြေလိုက်တယ်။

"ဝမ်းဗိုက်က ခွဲစိတ်ထားတာကြောင့် လေပွတတ်တာကတော့ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ။gasတချို့ ထွက်ပြီးသွားရင်တော့ လူနာအနေနဲ့ရေသောက်နိုင်လာပါလိမ့်မယ်"

အမေနဲ့ကျွန်မ ပြိုင်တူရယ်လိုက်မိတယ်...

"အခြေအနေပြန်ကောင်းလာတာက မြန်ပါတယ်။ ဒေါက်တာတို့နှစ်ယောက်လုံး ပင်ပန်းသွားခဲ့ပြီ"

ထိုစကားကိုကြားတော့ ဒေါက်တာAရဲ့ဘေးမှာ လူနာမှတ်တမ်းငုံ့ရေးနေတဲ့ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနဲ့ ဒေါက်တာက ခေါင်းထောင်လာပြီး ကျွန်မကိုကြည့်ကာ ပြုံးပြလာတယ်။

အဲ့အပြုံးတွေကို ဘယ်လိုခေါင်းစဉ်တပ်ရမလဲဆိုတာ ကျွန်မ မပြောတတ်ဘူး။ သူ့အပြုံးတွေက တောက်ပပြီး နူးညံ့နေတယ်။ သူ့အပြုံးကိုတွေ့လိုက်တော့ ကဗျာတစ်ပုဒ်ကိုတောင် သွားသတိရမိတယ်....

"သူမရဲ့ အလင်းနဲ့အရိပ်ကြားက
လှပတဲ့လမ်းလျှောက်နေတဲ့ပုံဟာ
တိမ်ကင်းစင်တဲ့ညအမှောင်မှာ
ကြယ်တွေတဖျက်ဖျက်လက်နေသလိုနဲ့ တူနေလေရဲ့"

ဗလာဟင်းလင်းဖြစ်လို့နေပြီး ငြိမ်သက်အေးချမ်းနေတဲ့ အဲ့ဒီအရာမှာ လူတွေက ကျဆုံးဖို့အတွက် ဆုတောင်းနေသလိုပဲ...

ကျွန်မ တခနစိတ်တို့ပျံ့နှံ့သွားပြီး ထိုဆရာဝန်ရင်ဘတ်က တံဆိပ်ကိုကြည့်မိလိုက်တော့
'ဒေါက်တာ-ကုဝေ' ဆိုသော နာမည်ကိုတွေ့လိုက်သည်။ ဆရာလင်းကို ပြုစုစောင့်ရှောက်ပေးသော သူပင်။

မြင်မြင်ချင်းအချစ်ဆိုတာကို ကျွန်မတစ်ခါမှ မယုံခဲ့သလို ချောမောတဲ့ယောက်ျားတွေရဲ့ အကြည့်ကိုလဲ ခံနိုင်ရည်ရှိမယ်လို့ထင်ခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ်တောင် မယုံကြည်နိုင်ဘဲ သက်ပြင်းချလိုက်တယ်....ပြီးတော့..အဲ့အကြည့်တွေက အရမ်းစူးရှရက်စက်တယ်...

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now