>>>>>>>>>>Zawgyi<<<<<<<<<
July 22ရက် 2009ခုနှစ်
ဒီတခေါက် ဆရာလင်းရဲ့ဓာတုကုထုံးက ပြင်းပြင်းထန်ထန်ကြီး အန်တာတို့တော့ မဖြစ်ခဲ့ပေမယ့်လည်း ကိုယ်ဝန်ဆောင်သည်လိုပဲ။ သူ့မျက်နှာကဖြူဖျော့နေပြီး အရသာခံ ခံတွင်းကလည်း ချက်ချင်းဆိုသလိုပဲ ပြောင်းလဲနေတတ်တယ်။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတင် ဆန်ပြုတ်စားချင်တယ်ပြောပြီး နောက်တစ်နာရီလောက်လည်း ကြာရော အအေးသောက်ချင်လာပြန်ရော။
အအေးဝယ်ပြီး ကျွန်မပြန်ရောက်လာတော့ အနည်းငယ်ဝေးတဲ့အကွာအဝေးကနေ သူနာပြုရုံးခန်းထဲမှာ ရပ်နေတဲ့ ဒေါက်တာကုကို ကျွန်မ တွေ့လိုက်ရတယ်။ သူနာပြုသုံးယောက်လောက်က ဒေါက်တာကုကို ဝန်းရံထားကြတယ်။
"အခုလိုမျိုး အတူတူရှိနိုင်တဲ့ အချိန်ဆိုတာရှားတယ်။ ညနေကြရင် အတူတူဆုံကြရအောင်"
"Hotpot? BBQ? Bar? KTV? နင်ပဲနေရာရွေးလိုက် ငါဒကာခံမယ်"
"ဓာတ်မှန်ငှာနမှာရှိတဲ့ ဒီရာထူးအလွတ်နှစ်နေရာက မင်းကိုပေးမှာ!"
အခုခေတ်လူငယ်တွေရဲ့ ဘဝက အရောင်စုံပြီးချမ်းသာနေလိုက်တာ ╮(╯▽╰)╭
မနေ့ညက ပြီးသွားတာနဲ့ ကျွန်မကိုကံဆိုးမှုတွေကနေ ကယ်ပေးခဲ့တဲ့ ဒေါက်တာကုကို ကျွန်မ promoteလုပ်ပေးတော့တာပဲ။ ကျွန်မတို့တွေ တခုခုအမှားလုပ်မိတဲ့အခါကျမှ ဒေါက်တာကုရဲ့ ခံစားချက်အမှန်တွေ ထွက်လာတာလို့တော့ ကျွန်မထင်တယ်။
အဲ့တာနဲ့ပဲ သူနာပြုရုံးခန်းကို တချက်တောင် ငေးမကြည့်တော့ဘဲနဲ့ ကျွန်မဖြတ်သွားစဉ်မှာပဲ ကြားလိုက်ရတယ်။ "အာ..လင်းကျီရှောင် ဒါရိုက်တာCက ရှင့်ကိုပြောဖို့ပြောထား-" ကျွန်မအနောက်က လိုက်လာတဲ့လူကို ကြည့်ကြည့်ဖို့ ခြေလှမ်းတို့ရပ်လိုက်ပြီး ရှာကြည့်လိုက်ပေမယ့် ဘယ်သူမှရှိမနေခဲ့ဘူး။ အပြစ်ကင်းစင်တဲ့ ဖြတ်သွားဖြတ်လာသူအနေဖြစ်ဖို့ မလွတ်မြောက်နိုင်တော့တာမို့ ကျွန်မ စိတ်တွေညစ်ထွေးသွားသလိုပဲ တယောက်ယောက်က အနောက်ကနေ ကျွန်မကိုလာပြီးပုတ်လာပါစေလို့ မျှော်လင့်နေမိတယ်။
YOU ARE READING
ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီ
Romanceမူရင်းစာအုပ်အမည် 余生, 请多指教 (Entrust the rest of my love is for you/The Oath Of Love) ဖြစ်ပြီး စာရေးဆရာက 柏林石匠 ဖြစ်ပါတယ်။ Original Author-BoLin ShiJiang Status-49 Chapters + 4 Extras China Status-Complete English Status-Complete ဒီဟာကို တရုတ်ကနေ တိုက်...