>>>>>>>>>Zawgyi<<<<<<<<
Juneလ 30ရက် 2009ခုနှစ်
တရုတ်ရိုးရားဆေးဝါးနဲ့ပဲ ကြားဖြတ်ကုသပြီး တလအကြာမှာတော့ ဆရာလင်းက ပိုမိုသက်သာလာပြီး ဝိတ်လည်းပြန်တက်လာတယ်။
မြို့ဆေးရုံကနေ ကျွန်မပြန်လာခဲ့တဲ့ ဒီနေ့မှာတော့ အမေက စွပ်ပြုပ်ပြုတ်ဖို့အတွက် အလုပ်ရှုပ်နေလေတယ်။ အိမ်ထဲ ကျွန်မဝင်လာပြီးမကြာခင်မှာပဲ ဆေးရုံကိုဖုန်းဆက်ပြီး အညွှန်းအတိုင်းတင်ပြပေးဖို့ အမေက ကျွန်မကိုပြောလာတယ်။
ဂျူတီအတွက် သတ်မှတ်ထားတဲ့ ဖုန်းနံပါတ်ကို ကျွန်မခေါ်လိုက်တယ်။
"ဟယ်လို...အစာအိမ်ခွဲစိတ်ငှာနကပါ" ရင်းနှီးနေသော ယောက်ျားတစ်ယောက်အသံသည် တဖက်မှ ထွက်ပေါ်လာ၏။
"ဟယ်လို ဒေါက်တာကု...ကျွန်မ လင်းကျီရှောင်ပါ"
ဖုန်းချလိုက်ခါနီးအထိကို ကျွန်မတို့နှစ်ယောက်လုံး အထွေအထူးမဟုတ်တဲ့ စကားတွေသာပြောဖြစ်ကြတယ်။ တဖက်မှ လူက ပြောလာတယ် : "သုဝမ်ကျွင်းရဲ့ စာမေးပွဲရလဒ်ကထွက်လာပြီ။ အမှတ်က 19မှတ်ရပြီး သာမန်စံနှုန်းထက် မြင့်တယ်"
"မဆိုးပါဘူး။ သူ့အတွက်ဝမ်းသာပါတယ်။ ဂုဏ်လည်းဂုဏ်ယူတယ်"
"ကျွန်တော်သူ့ကို ပြောပြလိုက်ပါ့မယ်။ ဒါဆိုလည်း နောက်မှပဲ" သူအလွယ်တကူပဲ ဖုန်းချသွားတယ်။
Julyလ 4ရက် 2009ခုနှစ်
အရည်အချင်းမီ ဘွဲ့ယူပြီးတဲ့သူတစ်ယောက် ကျွန်မ ဖြစ်လာပြီးနောက်မှာတော့ ထပ်လောင်းအနေနဲ့ အရည်အချင်းပြည့်မီလှတဲ့ အလုပ်လက်မဲ့တစ်ယောက် ဖြစ်လာပြန်တယ်။
ဘွဲ့ကြိုနဲ့ သက်ဆိုင်တဲ့ ဘွဲ့လွန်စာမေးပွဲကို ကျွန်မက ကြိုးစားနေတယ်လို့ပဲ အမေက အမြဲထင်နေခဲ့ပေမယ့် ဝင်ခံချက်သတိပေးစာနေ့မှာတော့ သူမက သိသွားခဲ့တယ်။
သူမက ကျွန်မရဲ့ဘူမိဗေဒမေဂျာကို သဘောမကျတာကြောင့် စတင်ပြီး အေးစက်လာသလို အမုန်းစကားတွေ ဆိုတော့တယ်။
အပြောခံရတဲ့ ကျွန်မရဲ့နေ့ရက်တွေအတွင်းမှာပဲ စန်စန်က ကျွန်မအမေနဲ့ကျွန်မကြားက ဆက်ဆံရေးကို ငြိမ်းအေးစေဖို့ဆိုပြီး Xမြို့က သူမလိုအင်ဂျင်နီယာတွေ ဘယ်လောက်အပြောကောင်းကြောင်း ပြလေသည်။
YOU ARE READING
ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီ
Romanceမူရင်းစာအုပ်အမည် 余生, 请多指教 (Entrust the rest of my love is for you/The Oath Of Love) ဖြစ်ပြီး စာရေးဆရာက 柏林石匠 ဖြစ်ပါတယ်။ Original Author-BoLin ShiJiang Status-49 Chapters + 4 Extras China Status-Complete English Status-Complete ဒီဟာကို တရုတ်ကနေ တိုက်...