EP-10 {Zawgyi & Unicode}

1.1K 151 1
                                    

[Zawgyi]

Aprilလ 4ရက် 2009ခုနှစ်

ပထဝီငှာနမှာ မိန်းကလေးက ယောက်ျားလေးထက် မသာလွန်ဘူးလို့ ကျော်ကြားတယ်။ကျွန်မ အသိစိတ်ပြန်စုည်းပြီးတဲ့အခါမှာ တွေးကြည့်မိတော့ မိန်းကလေးတွေက ယောက်ျားလေးတွေထက် မသာလွန်ဘူးလို့ ဘယ်သူပြောလဲ?

ကျွန်မအရှေ့ကိုတိုးပြီး ဖုန်းကိုင်ထားတဲ့ မိန်းမငယ်လေးကို ကြည့်မိတယ် : "ပြန်လည်စစ်ဆေးခြင်းစာမေးပွဲက ချင်းမင်ပွဲတော်နေ့မှာ....တကယ် ချင်းမင်ပွဲတော်ပဲ!တကယ်လို့ ငါ့စာမေးပွဲကို အအောင်မပေးလို့ကတော့ ငါသရဲဖြစ်သွားရင်တောင် သူတို့ကိုအလွတ်မပေးဘူး!"စာကြောင်းဆုံးသွားသည်နှင့် သူမခြေချော်ကျသွားတော့၏။

(ချင်းမင်ပွဲတော်ဆိုတာ  အုတ်ဂူရှင်းလင်းသည့်နေ့လို့  အများခေါ်ကြသလို တစ်ခါတစ်ရံကျ တရုတ်နိုင်ငံ၏အောက်မေ့ဖွယ်နေ့ သို့မဟုတ် ဘိုးဘေးဘီဘင်များနေ့ဟုလည်း ခေါ်ဝေါ်ကြသည်)

ကျွန်မအပြေးသွားကာ လဲကျသွားတဲ့ သူမကို ထူပြီး "နင်က စစ်ချွမ်းကလား?"

ထို စစ်ချွမ်းမိန်းကလေးက ကျွန်မလက်ကိုအားပြုပြီးမတ်တပ်ရပ်ရင်းဖြင့် "ဟုတ်တယ်....ဒီလာပြီး ပြန်လည်စစ်ဆေးခြင်းစာမေးပွဲလာဖြေတာထက် တရုတ်နိုင်ငံတဝက်လောက်ကို ခြေဆန့်တာကမှ ပိုလွယ်ဦးမယ်"

ဒါကတော့ ကျွန်မရဲ့အနာဂတ်ရဲဘော်ရဲဘက် သူငယ်ချင်းအခန်းဖော် ရှောင်ချောင်းကို တွေ့ခဲ့တဲ့ပုံစံပါပဲ။ရှောင်ချောင်းက  ကျွန်မကို အမြဲတမ်းပြောခဲ့တဲ့ရှိတယ် အဲ့တာက သူလဲကျတုန်းက သူ့ကိုကျွန်မတစ်ယောက်ပဲ လာကူတယ်လို့လေ ဒါကတကယ်ကို ဆန်းကြယ်တဲ့ရေစက်ပဲတဲ့!အမှန်တော့ ကျွန်မ သူမကို မပြောပြခဲ့တာရှိတယ်။အဲ့တာက တခြားယောက်ျားလေးတွေကလည်း သူမကို ကူညီဖို့လာခဲ့တယ်ဆိုပေမယ့် သူတို့ခြေလှမ်းက ကျွန်မလောက် မသွက်ခဲ့တာဆိုတာပါပဲ။

အရေးစစ်ဆေးခြင်း အင်တာဗျုးနှင့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများပြီးသည့်နောက်  ကျွန်မရဲ့ကြင်နာတတ်မှုတွေကြောင့် ရှောင်ကျောင်းက Xမြို့ကနေပြန်ရမှာ တွေဝေစွာနှင့်ပင် : "ငါအိမ်ပြန်ရမယ်....ငါ့မွေးရပ်မြေကိုပြန်ဖို့လိုလာပြီ။ငါတို့တွေ တက္ကသိုလ်မှာ နောက်ထက်သုံးနှစ်တောင် နေဖို့လိုသေးတာမို့ စိတ်အေးအေးထားနော် အလျင်မလိုနဲ့"

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီOnde histórias criam vida. Descubra agora