EP-19[Z&U]

538 94 2
                                    

[Zawgyi]

H1N1တုပ်ကွေးရောဂါ ကူးစက်ပျံ့ပွားမှုကြောင့် ကျောင်းအများစုက ဒီနှစ်ရဲ့ ပထမနှစ်သမားတွေအတွက် စစ်လေ့ကျင့်ရေးကို ဖျက်သိမ်းခဲ့တာက ပေါ့ပေါ့ပျက်ပျက်နဲ့ အားနေတဲ့ သုဝမ်ကျွင်းလို ကလေးတွေကို ရောက်တတ်ရာရာ လမ်းလွဲသွားတာတွေ ဖြစ်စေနိုင်တယ်။

ကျွန်မတို့ ကျောင်းကကျတော့ အဲ့လိုမျိုးနဲ့ သိပ်မနီးစပ်ဘူး။ သူစကားနဲ့ သုံးပြီးတော့ : "မြေအောက်ရထားပေါ်မှာ ခနလောက်အိပ် လိုက်လာပြီးတဲ့နောက်မှာ တက္ကသိုလ်ကျောင်း ဝန်းကျင်နဲ့ ကျွန်တော် ကိုယ့်ကိုကိုယ် အတွေ့အကြုံရှိဖို့ လုံးဝကို သန်မာသတိရှိလာတယ်"

ကျောင်းပတ်ဝန်းကျင်ဆီ သူ့ကို ခေါ်သွားပြီးနောက်တော့ ရှောင်သုက ငြိမ်ငြိမ်မနေဘဲ "ပညာရေးနဲ့ဆိုင်တဲ့ ဝန်းကျင်စရိုက်လည်း လုံးဝ မရှိဘူးပဲ!"

ကျွန်မရဲ့အဆောင် အဆောက်အဦးကနေ စာသင်တဲ့ အဆောက်အဦးထိ ခေါင်းထဲမှာ အမဲကြောင်းကြီးပဲ ရှိလို့နေခဲ့တယ်။ ပညာရေးနဲ့ ဆိုင်တဲ့ ဝန်းကျင်စရိုက်ဆိုတာ ဘယ်လိုမျိုးဖြစ်ရမယ်လို့ နင်က မျှော်လင့်ထားတာလဲ?

"နင် တကယ်လို့ ပညာရေးနဲ့ဆိုင်တဲ့ ဝန်းကျင်စရိုက်ကို ခံစားချင်ရင် ဒေါက်တာကုရုံးခန်းကိုပဲ သွားပြီး သူတို့ရဲ့ ဆွေးနွေးချက်တွေကို နားထောင်နေလိုက်တာပဲ ပိုကောင်းလိမ့်မယ်"

"လူတွေရဲ့ အစာအိမ်တွေကို ထိထိရောက်ရောက် ဘယ်လိုဖွင့်ရမလဲဆိုတဲ့ လူတစ်စုရဲ့ ဆွေးနွေးချက်တွေကို နားထောင်ရမယ်?" ရှောင်သုက ခေါင်းခါလိုက်ရင်း "လုံးဝကို နားမထောင်နိုင်ဘူး!"

အဲ့တာပြီးသွားတဲ့နောက်မှာတော့ သူ့ဆီက မေးခွန်းတွေ မကြာခန ကျွန်မဆီ messageရောက်လာတယ်။ 'ဘောလီဘော clubကို ရွေးရင်ကောင်းမလား တိုက်ကွမ်ဒို clubကို ရွေးရင်ကောင်းမလား?' 'CET-4က ဒီ semesterမှာ ပြန်စစ်မှာလား နောက်semesterမှာ ပြန်စစ်မှာလား?' 'ကွားရှားနည်းပညာမှာ နှစ်ကြိမ်ပွတ်သင့်တာလား သုံးကြိမ်ပွတ်သင့်တာလား?' ဒေါက်တာ့ကိုကျ ဘာလို့မမေးလဲဆိုတာ ကျွန်မသိချင်မိတယ်။ သူက ဒေါက်တာနဲ့ပိုပြီး ရင်းနှီးနေသင့်တာ မဟုတ်လား?

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now