EP-2{Zawgyi & Unicode}

2.1K 233 8
                                    

>>>>>Zawgyi<<<<<

မတ်လ 3ရက် 2009ခုနှစ်

28နာရီကြာခွဲစိတ်ပြီးနောက်မှာတော့  ကျွန်မဆရာလင်းရဲ့ဘေးမှာ တဖဝါးမှမခွာပဲနေခဲ့တယ်...
သူ့မျက်ခွံတို့ ရေးရေးလှုပ်သွားပေမယ့်  သူ ကျွန်မလက်ကိုကိုင်ပြီး နာတယ်လို့ပြောတဲ့ အသံကြားမကြား ကျွန်မဆက်ပြီးစစ်ဆေးနေလိုက်တယ်။

သူတို့ကမေ့ဆေး အရှိန်ကြောင့်လို့ ပြောမှပဲ ကျွန်မစိတ်ဒုံးဒုံးချနိုင်သွားတယ်။ ကျွန်မ သူ့နှဖူးကို နမ်းလိုက်ပြီး
"အဆင်ပြေသွားမှာပါ...နာကျင်မှုတွေအကုန်ပျောက်သွားမှာ"

ကျွန်မတို့ရဲ့ဆရာလင်းက အနာဂတ်နဲ့ပတ်သက်ရင် ကံကောင်းတယ်....

သူငယ်ငယ်က စစ်တပ်ဝန်းထဲမှာ နေခဲ့ရတယ်။ သူ့မိဘတွေကလဲ အမြဲတမ်း အလုပ်ရှုပ်နေတယ် ဆိုပေမယ့်
စစ်သားတွေက သူ့ကိုအမြဲဂရုစိုက်ပေးတာကြောင့် ပူပန်မှုကို မခံစားခဲ့ရဘူး...

အိမ်ကိုစွန့်ခွာပြီး ကျောင်းလာတက်တော့လဲ ကျောင်းမှာသူကခန့်ညားတယ် ချောတယ်ဆိုပြီး ဝိုင်းဝိုင်းလည်ခံရသေးတယ်။သူအပတ်တိုင်း ဂွမ်းစောင်တွေကိုလာလှမ်းတဲ့နေ့ဆို ကျောင်းကမိန်းကလေးတွေက သူ့ကိုလာကြည့်ဖို့ကြိုးစားကြတယ်။သူ့အကြောင်းတွေကို အချိန်မတိုင်ခင်ထိ ဖုံးကွယ်ထားတယ်...

ဘွဲ့ရပြီးနောက်မှာတော့ တက္ကသိုလ်ကျောင်းကလူတွေကို ဝန်ခံမှုလုပ်ခဲ့တယ်။ သူတစ်ယောက်တည်း နေဖို့ရာ အဆင်ပြေတဲ့ 2စတုန်းမီတာကျယ်တဲ့  ဧည့်ခန်းပါတဲ့ဟော်တယ်ကို ပြောင်းရွှေ့နေခဲ့တယ်။ အဲ့မှာနေတဲ့ လူတွေအကုန်လုံးဟာ လူကုန်ထံအသိုင်းဝိုင်းလူတွေချည်းဖြစ်တယ်။ ထိုအိပ်ဆောင်အဆောက်အဦးမှာ အရေးကြီးသူက အမကြီးမာသာ ဖြစ်တယ်... သူကမကြာခဏ ပွစိပွစိနိုင်ပေမယ့် အငယ်တွေကိုဆို အရမ်းဂရုစိုက်တယ်။ အဲ့တုန်းကအဖေ့ရဲ့ အခန်းဖော်က အဲ့က ဒေသခံပဲဆိုတော့ သူ့ရဲ့အမေက အမြဲတမ်းအိမ်ခန်းခပေးဖို့ ရောက်လာတတ်တယ်။ အဲ့အဒေါ်ကြီးက အရမ်းကြင်နာတတ်တယ်... ဝါးလုံးလိုမျိုး ပိန်ပါးနေတဲ့ ဆရာလင်းကိုတွေ့တော့ သူ့အတွက်ဆိုပြီး စားစရာတွေပါ ထည့်လာပေးတတ်တယ်...

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now