EP-12{Zawgyi & Unicode}

967 143 13
                                    

>>>>>>>>Zawgyi<<<<<<<<<

Aprilလ 10ရက်  2009ခုနှစ်

ဆရာလင်းက ရုတ်တရက်ကြီး မနေ့ညက ဓာတုကုထုံးကို  စတင်တုံ့ပြန်လာတာမို့ ဒီနေ့မှာပဲရပ်လိုက်ရတယ်။ဒါကြောင့်ပဲ သူအိပ်ယာပေါ်မှာ အနားယူနေသလို မျက်လုံးတွေက ခပ်ဖြေးဖြေးသာဟနေပြီး ကျွန်မလက်ကို သူဆုပ်ကိုင်ထားပြီး များမကြာခင်မှာပဲ  ကျိုးကုန်းရဲ့လက်ထဲပြန်လည်ရောက်ရှိသွားလေတယ်။

(ကျိုးကုန်းဆိုတာ အိပ်မက်နတ်ဘုရားဖြစ်ပြီး ဒီနေရာမှာတော့ ဆရာလင်း ပြန်အိပ်ပျော်သွားတယ်လို့ ဆိုလိုပါတယ်)

နေ့လည်မှာတော့ သူခွန်အားပြန်ပြည့်သွားတယ်။ အခြေအနေပုံမှန်ပြန်ဖြစ်သွားတော့ သန့်စင်ခန်း တံခါးဆီသွားပြီး တံခါးလက်ကိုင်ဖုကို တို့ထိပြီးတော့ ကျွန်မဘက်ကို အပြစ်ကင်းတဲ့မျက်နှာနဲ့ လှည့်ကြည့်လာပြီး : "လင်းကျီရှောင်...ငါသန့်စင်ခန်းဝင်ချင်လို့" အဲ့တာနဲ့ပဲ ကျွန်မလည်း သူ့အတွက် တံခါးဖွင့်ပေးလိုက်ရတယ်။

ကျွန်မအဖေက လက်အိတ်ဝတ်ထားတယ်ဆိုရင်တောင်မှ အေးတဲ့ပစ္စည်းတွေကို ထိလို့မရဘူးလို့ အမေက ပြောပြထားတယ်။

အဲ့တာနဲ့ပဲ သူမျက်လုံးမှိတ်ပြီး ကျွန်မကို ပြောလာတယ် : "ဒီဇွန်းက stainless steel" ပြီးတော့ ကျွန်မ ပြောလိုက်တယ် "ပါးစပ်ဟ...အာ..." နဂါးမောက်သီးကို ခွံ့ကျွေးနေစဉ် အသက်နဲ့မလိုက်အောင် ချစ်ဖို့ကောင်းအောင် အပြုအမူတွေလုပ်ပြနေတဲ့ အဖေ့ကို ကျွန်မကြည့်နေစဉ်မှာပဲ ဒေါက်တာကုတစ်ယောက် အခန်းတံခါးဖွင့်ပြီးဝင်လာတယ်။

ကုတင်ဘေးလာရပ်ပြီး နှစ်စက္ကန့်လောက် ငြမ်သက်နေရင်းမှ "ဆရာလင်းက ဒီနှစ်မှာ အသက်၅၁နှစ်တောင် ပြည့်ပြီးသားနော်" ဆရာလင်းကတော့ အေးဆေးစွာပဲ ခေါင်းငြိမ့်ပြလိုက်တယ်။

ဒေါက်တာက သူ့မျက်မှန်ကို အပေါ်ပင့်တင်လိုက်ပြီး : ပထမဆုံး IVကချိတ်ထားပြီးပြီ ပြီးတော့ ခန္ဓာကိုယ်ရဲ့ လက်ခံနိုင်မှုအတိုင်းအတာကလည်း ကောင်းတယ်။ သွေးစစ်ချက်ပါ ကောင်းတယ်ဆိုရင်တော့ အိမ်ပြန်လို့ရပါပြီ" ပြောပြီးသွားတော့ ကျွန်မကို တစ်ချက်လောက်ကြည့်လိုက်ပြီး အပြင်ထွက်သွားတော့တယ်။

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now