EP-22[Z&U]

583 85 7
                                    

[Zawgyi]

“ဒေါက်တာ……”

“အင်း”

“ဒီတခေါက်မှာ....ကျွန်မ ရိုးသားလိုက်ရမလား ဒါမှမဟုတ် အခုတော့ ဆက်ထိန်းသိမ်းထားလိုက်ရမလား?"

"ဒီအကြောင်းအရာတွေကို အခုတည်းက စတွေးနေနှင့်ပြီလား?"

“=_=……” သူစိတ်ဆိုးသွားတာ များလား?

"မင်းဘာပဲ လုပ်ချင်လုပ်ချင် ကိုယ့်ကိုကိုယ် ရှင်းရှင်းလင်းလင်းဖြစ်အောင် အရင်ဆုံး စဉ်းစားထားပါ" သူက ညင်သာစွာ သက်ပြင်းချလိုက်ပြီးနောက် "ကိုယ်က အတူပူးပေါင်းပေးမှာပဲ"

ဒါကြောင့်ပဲ အင်အားတောင့်တဲ့  ရန်သူနဲ့ မျက်နှာချင်းဆိုင် ရင်ဆိုင်ရတဲ့အခါ ပထမဆုံး အပြုအမူက တော်လှန်ရေးရဲ့ မီးပွားတွေကို ထိန်းသိမ်းရမှာ ဖြစ်တယ်။

ဒေါက်တာက လူတိုင်းကို တန်းတူပဲဆက်ဆံတယ်။ အရင်က ကျွန်မတို့ကို ဆက်ဆံခဲ့တဲ့ပုံစံနဲ့ပဲ အခုထိ ဆက်ဆံနေတုန်းပဲ....

ကျွန်မအမေက ကျွန်မကို ဆရာဝန်တွေနဲ့ တွဲတာကို သဘောမတူတာ ဒေါက်တာ မပြတ်မသား သိလိုက်ရတုန်းကဆိုရင် သူ့ပုံစံက နည်းနည်းတော့__ အေးစက်ပြီး သီးသန့်နိုင်သွားတယ်။ (ဒါကိုဘယ်လို ပုံဖော်ပြရမလဲဆိုတာ ကျွန်မ တကယ်ကို မသိဘူး)

တဖက်မှာ သူနဲ့ ကျွန်မအမေ သိက္ခာရှိရှိ စကားပြောနေကြတာကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကုဝေရဲ့ အမူအရာက အေးဆေးတည်ငြိမ်နေတယ်။ ကျွန်မ ပိုကြည့်လေ ပိုပြီး ကို့ယို့ကားယားနိုင်လာသလို ခံစားခဲ့ရတယ်။

နောက်တော့ ခံစားချက်အနည်းငယ်ကို သူ့မျက်လုံးထောင့်နားလေးကနေ ကျွန်မ ရှာတွေ့ခဲ့ပြီးနောက် ရှုပ်ထွေးတဲ့အခြေအနေတွေထဲ ကျွန်မကိုယ်ကျွန်မ အပြစ်ရှိသလိုပါ ခံစားလာရတယ်။

ကျွန်မနဲ့ဒေါက်တာကြားက လက်ရှိဆက်ဆံရေးအတွက် တွေးတောပြီးတော့ ယောက္ခမနဲ့သားမက် ဆွေးနွေးခန်းကို ကျွန်မအနေနဲ့ ဝင်ရှုပ်လို့ မသင့်တော်ဘူးလေ။

(စာရေးဆရာ အတွေး: တကယ်တော့ ဘုရင်ကို နန်းချဖို့ တိုက်ရိုက်ဖိအားမပေးခင်ကတည်းက ကလေးအရင်ယူဖို့ မင်းပဲစီစဉ်ထားတာလေ)

ကိုယ့်ဘဝတစ်ခုလုံးမင်းဆီအပ်နှင်းလိုက်ပြီWhere stories live. Discover now