ep -7 🍓

3.9K 240 15
                                    

မမမဂ်လာပွဲအတွက် အဝတ်စားလဲကာ လာအခေါ်ကိုစောင့်နေလိုက်သည်
မမက ပြောတယ်  သူ့ယောကျ်ားက သူတို့အလုပ်ရှင်တဲ့ ပိုက်ဆံလဲရှိမဲ့ပုံပင် ။ မမရွေးချယ်မှုမှန်ကန်ပါစေပဲ ဆုတောင်းမိသည်

အထဲရောက်တော့ မဂ်လာပွဲအပြင်အဆင်ကတခန်းတနား ။ မမက သူ့သတို့သားလက်လေးချိတ်ကာ သွယ်တို့ဝိုင်းကိုလာသည်

"သွယ်လေး ဒါမမအမျိုးသား ဘယ်လိုလဲချောတယ်မလား "

"ချောတာပေါ့ မမရဲ့ မမတို့နှစ်ယောက်အရမ်းလိုက်တယ်  ကိုကြီးစည်သူအောင် မမကိုတန်ဖိုးထားပြီး အမြဲတမ်းချစ်ပေးပါနော် "

"ချစ်​ပေးမှာပေါ့ ညမလေးရဲ့ "

ပြောကာ တခြားဝိုင်းတွေဧည့်ခံနေလေသည် ။ ဟိုဟိုဒီဒီကြည့်နေရင်း မျက်ဝန်းထဲမှာ မ ပေါ်လာတယ်

"မ က ဒီကိုဘာလာလုပ်တာလဲ ဟင် ကြယ်စင်ရောပါလား "
ကြည့်လိုက်တော့ မမတို့ကို သူတို့ကစကားပြောနေကြတယ် ဘာတွေလဲအသိတွေလား

သွယ့်ကိုလှမ်းမြင်တော့ ကြယ်စင်ကတအံတသြနဲ့ မ လက်ကိုဆွဲကာ သွယ်တို့ဝိုင်းကိုလာထိုင်တယ်

"ဟေး သွယ်ဘလိုဒီကိုရောက်နေတာလဲ "ထိုင်ရင်းကြယ်စင်က စကားဆိုလာတယ်

"သတို့သမီးက ငါ့အမ လေ အက်ဒါကြောင့်ဒီရောက်နေတာ "

"ဟယ်တော့ တိုက်ဆိုင်မှုကျိကျန်  သတို့သားက ငါတို့အကိုအကြီးဆုံး "

"ဟာ တကယ် "
စိတ်ထဲမှာ ကြိတ်ပျော်မိသွားတယ် မနဲ့ပိုလို့တောင်နီးစပ်သွားပြီလေ ဟဟ
မ ကိုကြည့်တော့ ငြိမ်ပြီးနားထောင်နေတယ်

မဂ်လာပွဲပြီးသွားတော့ မမတို့ကိုနှုတ်ဆက်ကာ ပြန်ရန်ပြင်လိုက်တယ်

"သွယ်ရေ ပြန်တော့မလို့လား ငါတို့အိမ်လိုက်ခဲ့လေ အိမ်မှာက မမနဲ့ငါ နှစ်ယောက်ထဲရယ်  အမျိုးတွေဖြစ်တဲ့အထိမ်းမှတ်နဲ့ တခွက်တလေချကြတာပေါ့ ဟိ "

"အက်အကြံကောင်းတယ် ဒါပေမဲ့ ငါ့အဒေါ်က လိုက်ခိုင်းပါ့မလားမသိဘူး "

"ရတယ် ငါ့အမကိုပြောခိုင်းမယ် မမ ငါသွယ့်ကိုအိမ်ခေါ်ချင်တယ်ပြောပေး  ညပါအိပ်ခိုင်းမှာမနက်ဖြန်မှပြန်လွှတ်မယ်လို့ "

ဆုံမှတ် 🕊  ☾︎ ဆုံမွတ္ 🕊 ☽︎Where stories live. Discover now