အချစ်နဲ့တွေ့ရင် လူတိုင်းက နူးညံ့တတ်ကြသည်လားး....
"သွယ် ဟိုအမ ရောက်နေတယ် "
"ဟင် မ "
"ဟုတ်တယ် မင်းနေမကောင်းဘူးဆိုလို့ တို့လာကြည့်တာ မုန့်လဲဝယ်လာခဲ့တယ် အခုရောဘယ်လိုနေသေးလဲ "
"ဟုတ် သက်သာပါတယ် သွယ်နေတဲ့နေရာကိုဘယ်လိုသိတာလဲ ပြီးတော့နေမကောင်းဘူးဆိုတာရော "
"ဇူးဇူးရယ် ပြောပြလို့သိတာ တို့တကယ်စိတ်မကောင်းပါဘူး တို့ကြောင့်မင်းအခုလိုဖြစ်သွားလို့ "ဆိုကာ နဖူးလေးပေါ်ကိုလက်တင်ကာ စမ်းကြည့်လိုက်သည်
"ရပါတယ် သွယ်ကိုက ခြူချာတတ်တာ မိုးလေးနဲနဲမိတာနဲ့တမ်း ဖျားရော "
"အင်း မင်းအဆင်ပြေတယ်ဆိုတော့ တို့ပြန်တော့မယ် အလုပ်ကထားခဲ့ရတာ "
"ဟုတ် မမစိတ်ပုပ်က အခုလိုလာကြည့်လို့ ဝမ်းသာရပါတယ် "
"မင်းနော် အကောင်းပြောနေရင်ဖောက်လာပြန်ပြီ "
"ညီမလေး အမ ပြန်ပြီနော်"
"ဟုတ်ကဲ့ "
အခုလိုကြတော့လဲ သူ့ကြောင့်ဖြစ်မှန်းသိသားပဲ ထင်သလောက်ပဲ မဆိုးပါဘူး စိတ်ပုပ်က ။ ဟမ် ငါအခုပြုံးနေမိလား..
"ကဲ သွယ် အိပ်လိုက်အုန်း "
"အင်း စိတ်မဆိုးဘူးမလား "
"ဆိုးစရာလား "
"အင်းအင်းး "
ကိုယ်ချစ်ရတဲ့သူက တခြားတယောက်ကိုချစ်ရည်လဲ့နေတဲ့မျက်ဝန်းတွေနဲ့ ကြည့်ပြီး စကားပြောနေတာကိုမှ ကြည့်နေရတာ လှိုင်းရင်တွေလဲ နာလှပါပြီ ။ ချစ်လွန်းလို့ အလိုက်လိုက်ပြီး ဖြည့်ဆည်းပေးတဲ့ လှိုင်းကပဲရူးသွပ်နေသည်လား ။ ခြူးမြတ်သွယ်ဆိုတဲ့နွံထဲမှာနစ်နေတဲ့ လှိုင်းကို မည်သူမှကယ်တင်နိုင်တော့မယ်မဟုတ်တော့..
နောက်တနေ့မနက်....
"လှိုင်း ငါသွားပြီနော် "
"အင်း ကိုယ့်ကိုကိုယ်ဂရုစိုက် "
လှိုင်းကိုနှုတ်ဆက်ကာ အလုပ်ကိုထွက်လာလိုက်သည် ။
![](https://img.wattpad.com/cover/278153275-288-k8029.jpg)
YOU ARE READING
ဆုံမှတ် 🕊 ☾︎ ဆုံမွတ္ 🕊 ☽︎
RomanceOwn Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် - ခြူးမြတ်သွယ် ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးရခြင်းကလဲ အချစ်ရဲ့စွမ်းအားတွေသည်ပဲမလား -ငြိမ်းဝင့်လွှ...