ep-8 🔞🚨

7.4K 336 9
                                    

နောက်တနေ့​ ညနေ​ရောက်တော့ အိမ်မှာနေရတာပျင်းတာနဲ့ မ ဆီကိုဖုန်းဆက်မယ် စဥ်းစားလိုက်သည် ။မိုးတွေကလဲ ရွာနေတာ ဒီချိန် မ ရင်ခွင်လေးထဲမှာနေလိုက်ရရင်​ဖြင့် တွေးရင်းနဲ့ရင်တွေတောင်ခုန်လာပြီ

"ဒေါ်လေး သွယ် မမယောကျာ်းညီမ တို့အိမ်သွားအုန်းမယ် ဒီညပြန်မလာဘူးနော် "

"ဒီကလေးနယ် သူများအိမ်တွေ အရမ်းမသွားနဲ့လေ မိုး​တွေလဲရွာ​​နေတာ ။ အမျိုးတွေဖြစ်သွားတယ်ပဲဆိုအုန်းတော့ ကြာလာတော့ ငြိုငြင်မှာပေါ့ "

"ဒါတော့ စိတ်ချဒေါ်လေး  ဘယ်တော့မှအက်လိုဖြစ်မှာမဟုတ်ဘူး အရင်ထဲကရင်းနှီးပြီးသားသွယ်တို့က "

"ကဲ ပြောမရလဲသွားသွား ဘယ်နိုင်ငံဘဲတက်တက် ခွင့်ပြုတယ်ဟေ့ "

"အာ့ကြောင့်ချစ်နေရတာ ကိုယ့်ဒေါ်လေးကို "

ချက်ချင်းပဲ မ ကိုဖုန်းဆက်ကာ လာခေါ်ခိုင်းလိုက်တယ် သူအခုမှအလုပ်ပြန်လာတာတဲ့ ရေချိုးပြီးရင် လာခေါ်မယ် ခဏပဲစောင့်နေတဲ့ မ က​လေသွယ့်ကို သိပ်အလိုလိုက်တာ။ဒီအမျိုးသမီးကို ရွေးချယ်ခဲ့တဲ့အတွက် လုံးဝကျေနပ်တယ် ။ မကြာပါဘူး ​ချစ်ရတဲ့အမျိုးသမီး လေးရောက်လာပါပြီ

"ဒေါ်လေးရေ လာခေါ်နေပြီ သွားပြီဗျို့ မနက်ဖြန်ညနေမှပြန်လာမှာနော် "
အသိပေးရသေးတယ် တော်ကြာပြန်ခေါ်နေမှာစိုးလို့ ဟိ

ကျွန်မရဲ့ မြတ်နိုးရတဲ့ပေါက်စလေးက အသဲသန်ဘဲ အိမ်ပေါ်ကနေပြေးလာသည် ဘယ်ကတဲက ယိမ်းယိုင်သွားခဲ့တာလဲဆိုတာ ​သေချာမသိပေမဲ့ ဒီလူသားလေးကို ကျွန်မသိပ်ချစ်သည်

"ဖြေးဖြေးလာပါ ငယ်လေးရဲ့ လဲနေပါအုန်းမယ် "

"မ ကိုတွေ့ချင်လွန်းလို့ပေါ့ဗျ အပြေးလွှားလေးလာရတာ "
ကားပေါ်က မ ဘေးမှာထိုင်ရင်းသွယ်ပြောလိုက်တယ်

"မတွေ့ရတာ တရက်ပဲရှိပါသေးတယ်နော် "

"ဘာလဲ မ ကမတွေ့ချင်ဘူးပေါ့ ပြန်မယ်အာ့ဆို အိမ်မလိုက်တော့ဘူး ဟွန့် "

"အမလေးရှင် ကျွန်မပဲ မှားပါတယ် ပူတူးတူးလေးရယ် နှုတ်ခမ်းကျိဆူမနေပါနဲ့တော့ မ က ငယ်လေးကို တွေ့ချင်တာပေါ့ ဖြစ်နိုင်ရင်အိမ်တောင် အမြဲခေါ်ထားချင်တာ "

ဆုံမှတ် 🕊  ☾︎ ဆုံမွတ္ 🕊 ☽︎Where stories live. Discover now