ep - 3 🕊

4.1K 305 16
                                    

နေ့ရက်တွေကတော့ ပုံမှန်အတိုင်းပါပဲ  မနက်နိုးတာနဲ့အလုပ်သွားဖို့ပြင်ရ၏  သွယ်လုပ်စရာမလိုအောင်ပြင်ပေးတတ်သည့် လှိုင်းရှိနေလို့ တော်သေးသည်

"လှိုင်း ငါသွားပြီနော် "

"အင်း စောစောပြန်ခဲ့ "

"Ok bye "

လှိုင်းကိုနှုတ်ဆက်ကာ YBS စီးရန် လမ်းထိပ်သို့ထွက်လာခဲ့သည် လမ်းထိပ်ရောက်ရုံနဲ့
မှတ်တိုင်က မရောက်သေး ထပ်လျှောက်ရသေးသည်.. ။

တီ တီ  တီ " "

"ဟာ လမ်းဘေးကပ်လျှောက်နေတာကို ဘယ်ကားကဆက်တိုက်တီးနေတာလဲ တောက်စ်  "

" ဟိတ် ဒေါသအိုး  အလုပ်သွားမလို့လား "

"ဘာဒေါ်သအိုးလဲ နာမည်ရှိတယ် ခြူးမြတ်သွယ် "

"အင်း တို့လဲ ဇူးဇူးစီသွားမလို့ လမ်းကြုံတယ်လိုက်မလား "

"အမယ်သဘောတွေဘာတွေကောင်းလို့ ခများကားနဲ့မလိုက်ရဲပါဘူး တော်ကြာထပ်ပြီးဝင်တိုက်နေရင် အသက်ပျောက်နေမှာစိုးလို့
ကိုယ့်ဘာသာ YBS စီးတာက အေးချမ်းတယ် "

"​ချေလိုက်တာရှင်ကလဲ မလိုက်လဲနေ နှစ်ခါ​​ပြောတဲ့ အထဲမှာငြိမ်းဝင့်လွှာမပါဘူး "

"နေအုန်းလိုက်မယ် "

ဘာစိတ်ကူးပေါက်သွားလဲမသိဘူး မျက်နှာစူပုတ်၍လိုက်မယ်ပြောလာသည် ။ ငြိမ်းကားမောင်းနေရင်းသူနဲ့တူလို့ ရပ်ကြည့်လိုက်တာ
သွားမဲ့အတူတူလမ်းကလဲကြုံနေလို့ ဝင်ခေါ်လိုက်ခြင်းသာ
ေဒါ်သအိုးက ကျမမြင်တာနဲ့စိတ်တိုနေတာလေ ..

ကျမကားလေး တရွေ့ရွေ့ ဇူးဇူးဆိုင်ရှေ့သို့ရောက်လာသည်..

"ဟယ် ဒီနေ့မိုးရွာမယ်ထင်တယ် "

"ဟဲ့ အက်လောက်နေပူနေတာ ဘယ်မိုးကရွာမှာလဲ ဇူးဇူးရဲ့ "

"တွေ့တာနဲ့ကိုက်နေကြတဲ့နှစ်ယောက် အတူတူကားစီးလာလို့လေ "

"အဲ့ အက်ဒါ ဟိုအမဝင်ခေါ်လို့ "

သူပြောတာလဲဟုတ်နေတာပဲလေ ငြိမ်းလဲပြန်မပြောတော့ပဲငြိမ်သာနေလိုက်သည်။

"ဇူးဇူး ငါတို့ထိုင်စကားပြောရအောင် "

"သွယ် အမတို့ဝိုင်းကို coffee နှစ်ခွက်ချပေးနော် "

ဆုံမှတ် 🕊  ☾︎ ဆုံမွတ္ 🕊 ☽︎Where stories live. Discover now