မနက်ခင်းရဲ့နေရောင်ခြည်ကြောင့် နိုးထလာခဲ့ရတယ် ။ ညက အားသွင်းထားရင်း စက်ကပိတ်သွားခဲ့၏ ၊ မိမ်ိခန္ဓာကိုယ်အားဖက်ထားသော လှိုင်းလက်များအားဖယ်ကာ ဖုန်းကိုအလျင်အမြန် စက်ဖွင့်ရသည်
"ဟာ ညက မ ဖုန်းcall တွေ အများကြီးခေါ်ထားတာပဲ သွားပါပြီ စိတ်ဆိုးနေပြီလားမသိဘူး "
ချက်ချင်းပဲ မဆီကိုဖုန်းဆက်လိုက်တယ် ။ တခါခေါ်လဲမကိုင် နှစ်ခါ ခေါ်လဲမကိုင် သုံးကြိမ်မြောက်မှ ဖုန်းကိုင်သည် ။"ဟယ်လို မ ငယ်လေးလေ မနေ့ညက ဖုန်းအားမရှိတော့လို့ စက်ပိတ်သွားတာ ခုဖွင့်ကြည့်မှ မ ဖုန်းခေါ်ထားတာတွေ့တာ ။ မ ပြန်ပြောအုန်းလေ ဟယ်လို "
ဟင် ချသွားပြီ သေချာပါပြီ မ စိတ်ဆိုးနေပြီ ။ လှိုင်းအားနှိုး၍ ကျောင်းသွားဖို့ပြင်လိုက်၏ ။ စက်ပိတ်သွားတဲ့ မိမိဖုန်းကိုအပြစ်တင်ရမည်လား မိမိကိုယ်ကိုယ်ပဲ အပြစ်တင်ရမလား မသိတော့ပေ ၊ သေချာတာကတော့ မဆီကိုအပြေးလွှားချော့ရန်သာရှိတော့၏
"ကြယ်စင် တယောက်ထဲကားမောင်းလာတာလား မ ရော မ မပါဘူးလားဟေ "
"အင်းး မပါဘူး စိတ်ကောက်နေတယ် အတန်းပြီးတာနဲ့သွားချော့ဖို့သာ ပြင်တော့ ဒေါ်ခြူး "
"အေးအေး မ စိတ်ဆိုးခဲတယ်ဟ ငါကလဲငါပဲ ဖုန်းကလဲ အက်အချိန်ကြမှ စက်ကပိတ်တယ် "
အတန်းချိန်ပြီးလို့ ဒေါ်လေးကိုခွင့်တောင်းကာ မနက်ဖြန်အတန်းအတွက်အဝတ်စားများယူကာ ကြယ်စင်နဲ့အတူတူ မ ဆီသို့သာ လိုက်ခဲ့တော့သည်....
"ကူပြောပေးအုန်းနော် ကြယ်စင် " တိုးတိုးလေးကပ်ကာပြောရသည် မ စိတ်ဆိုးရင် ချော့ရသိပ်ခက်၏
"အေးပါဟ "
အခန်းရှေ့ရောက်တော့ တံခါးခေါက်တုန်းရှိသေး ကြယ်စင်က သူ့အခန်းသို့ပြေးဝင်သွားတော့သည် ။
"ဟာ ငါ့ကိုတယောက်ထဲမထားခဲ့နဲ့လေ ကြယ်စင် ကြယ်စင် "အခန်းတံခါးဖွင့်လာတော့ မ က စကားတခွန်းမျှပင်မဆို... ။ အပေါ်ထပ်အပါးလေးထပ်ဝတ်ကာ ဖြူဖျော့ဖျော့နှုတ်ခမ်းတစုံ ဖြင့် ။ မ နေမကောင်းတာများလား ။ ကုတင်ပေါ်၌ ပြတင်းပေါက်ကို မျက်နှာမူကာထိုင်နေသောမအနားကိုသွားလိုက်တယ် ။ ပုခုံးတဖက်ကိုလက်ဖြင့်ယူကာ မ ကိုရင်ခွင်ထဲဝင်စေလိုက်၏
YOU ARE READING
ဆုံမှတ် 🕊 ☾︎ ဆုံမွတ္ 🕊 ☽︎
Любовные романыOwn Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် - ခြူးမြတ်သွယ် ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးရခြင်းကလဲ အချစ်ရဲ့စွမ်းအားတွေသည်ပဲမလား -ငြိမ်းဝင့်လွှ...