ep-14🌼

3.5K 188 21
                                    

မနေ့ညက နှုတ်ခမ်းလွှာလေးကိုသာ နမ်းရှိုက်ခွင့်ရသည် ။ လက်မထပ်ရမခြင်း  အဆင့်တက်ခွင့်မပြုတော့ဘူးတဲ့ မ ရက်စက်။ သွယ်တို့ကတော့ ညစာငတ်ပြီလေ ၊ အမြန်လက်ထပ်ယူပြီးအပိုင်သာ သိမ်းပစ်ချင်တော့သည်။

" ငယ်လေးရေ ထတော့လေကွယ် အချိန်လဲမစောတော့ဘူး အအိပ်ကိုပဲမက်နေနော် ကျွန်မကိုပလစ်ပြီပေါ့ "

"အွန်းးး ထပြီထပြီ လွယ်လွယ်နဲ့တော့ မ ထနိုင်ပါဘူး morning kiss ရမှပဲထမယ်  "ပေကပ်စွာ အိပ်ယာထက်၌ပြန်လှဲနေတော့

"မဆိုးနဲ့ကွာ မျက်နှာလဲမသစ်ရသေးပဲနဲ့ အနမ်းကျလိုချင်တယ်ပေါ့ မရပါဘူးနော် "

"ဟင့်အင် ဟင့်အင် ရဝူး မ အနမ်းမှမရရင်ဒီနေ့မထတော့ဘူး"

"ဟင်း လူလည် "
ကျွန်မလဲပြောမရတဲ့အဆုံး ကုတင်ဘေး၌ထိုင်ကာ ငယ်လေးအားငုံ့၍ အနမ်းတို့ချွေပေးလိုက်၏

"မှိုရတဲ့မျက်နှာနဲ့ လူလည်ကြီး ထ ထ ရေချိုး မ မနက်စာပြင်ပေးထားတယ် "

"Yes sir "

အကုန်ပြီးသွားတော့ စားပွဲဝိုင်းမှာ ကော်ဖီထည့်ပေးနေတဲ့ မ အနားလေးသွားကာ

"မွစ် "

"ဟင်းဟင်း  လစ်ရင်လစ်သလိုလုပ်နေပါရောလား ရှင်နော် နောက်ဆိုမနမ်းခိုင်းပဲနေပစ်မှာ "

"ဟောဗျာ ဒီက ကိုယ့်မိန်းမကိုချစ်လို့ပါဆို မနမ်းရဘူးလားဟင် မိန်းမရေ ကိုယ်ခေါ်နေတယ်လေကွာ "

"ဘယ်သူကရှင့်မိန်းမလုပ်မယ်ပြောလို့လဲ မလုပ်ပါဘူးနော် "

"ဟာ မမအကျင့်ပုတ် "

"ကဲပါ ကော်ဖီတွေအေးကုန်မယ် ရှင့်မိန်းမပဲဥစ္စာ ဘာထပ်လုပ်နေစရာလိုလဲ "

မ ကမိမိငြိုငြင်မှာသိပ်စိုးသည် ။ အလျှော့ပေးပြီးအလိုလဲလိုက်သည် ။  အရင်တုန်းက ဟန်ဆောင်ပြီးချစ်ခဲ့တယ်ဆိုတာ မ သာ သိရင်စိတ်နာသွားမလား ပြသနာမဖြစ်အောင် ကြိုပြီးပြောထားလိုက်မယ်ဟု ​ဆုံးဖြတ်လိုက်သည်

" မ "

"ရှင် "

"ငယ် ပြောစရာရှိတယ် စိတ်မဆိုးရဘူးနော် အခုချိန်မှာငယ်ကမကိုအသက်လောက်ကိုချစ်တာ "

ဆုံမှတ် 🕊  ☾︎ ဆုံမွတ္ 🕊 ☽︎Where stories live. Discover now