"ဒေါက်တာ မ ဘယ်လိုနေလဲဟင် သက်သာလား "
"ဟုတ် သက်သာပါတယ် "
အခန်းတံခါးဖွင့်ကာ အိပ်ယာပေါ်မှာသတိမေ့နေတဲ့ မ အနားကိုသွားလိုက်၏ ။ တကယ်ကိုမျက်နှာလေးမှာဖြူဖျော့လို့နေသည် ။
"အမြန်သတိရပါတော့ မရယ် ငယ်တောင်းပန်ပါတယ် ငယ်မှားမှန်းသိပါပြီ ကိစ္စတခုကို သေချာမစဥ်းစားဘဲ မြင်ရုံနဲ့ဆုံးဖြတ်မိတဲ့ ငယ်မှားတာ ။ မ မရှိရင်ငယ်မနေနိုင်ဘူး သတိရပါတော့ "
ထိုအမျိုးသမီးကို အသက်လောက်မြတ်နိုးရပါသည် ။ အဆုံးရှုံးကိုမခံနိုင်ဘူး မ မရှိရင် မိမိလဲအသက်ဆက်ရှင်နိုင်မှာမဟုတ်တော့"အဟင့် ထပါတော့ မရယ် "
မ လက်လေးအားယူကာ မိမိပါးဖြင့်ကပ်စေ၍ မျက်ရည်တွေမှာ အတားစီးမဲ့ကျလို့နေသည် ။ လှိုင်းက သူ့အိမ်ကအရေးကြီးပြန်ခေါ်လို့ ပြန်သွားသည် ။ ကြယ်စင်နဲ့မိမိ နှစ်ယောက်ထဲသာ မ အနားတွင်ရှိလေ၏"ဟားဟ ဒေါ်ခြူး ဒေါ်ခြူး နင်တကယ်လဲနေနိုင်တာမဟုတ်ပဲနဲ့နော် "
"နင် ဘာရီတာလဲကြယ်စင် သူများကဝမ်းနည်းနေတာကို "
"ဟင် မ သတိရလာပြီ သက်သာရဲ့လား ဘယ်လိုနေလဲဟင် ငယ်ဆရာဝန်သွားခေါ်ပေးမယ် "
"ဟားဟ ငါ့အမ ကဘာမှမဖြစ်ဘူး နင်ထားခဲ့တဲ့နေ့ကတည်းက အစာလဲသေချာမစား အိပ်လဲမအိပ် တမိုင်မိုင်တထွေထွေနဲ့ ကြာလာတော့ခန္ဓာကိုယ်ကဘယ်အဆင်ပြေတော့မလဲ ။ ငါလဲ ဆေးခန်းသွားပြပြီး မမကိုအက်လိုဖြစ်နေတယ်လို့ လိမ်လိုက်တာ ဟီး အမှန်တော့ ဘာရောဂါမှ မမမှာမရှိဘူး နင်တကယ်ချစ်မချစ်သိချင်လို့ငါစမ်းသပ်လိုက်တာ ။
မမ ကိုတကယ်ချစ်တာသိတော့ ငါစိတ်ချပါပြီ ။မမ ငါနင့်ကိုလိမ်ခဲ့တဲ့အတွက်တောင်းပန်တယ် ဘာရောဂါမှမရှိဘူးကြားလား နင်ဒေါင်ဒေါင်မြည် ငါအပြင်ထွက်ပေးဖို့အချိန်တန်ပြီ Bye bye""ဟင် သူ သူပြောတာတွေ တကယ်ပဲလား မ "
"အင်းပေါ့ မ လဲ ခုမှသိတာကို ။ ငယ်လေး မ ကို စိတ်မဆိုးတော့ဘူးမလား မ ပြောခဲ့တာတွေက တကယ်အမှန်တွေပါ "
"ဟာ မသိဘူးမသိဘူး ဆိုးတယ် လူလိမ်မကြီး "
ပြတင်းပေါက်ဘက်ကိုမျက်နှာမူကာ နှုတ်ခမ်းဆူပြီးစိတ်ကောက်နေတဲ့ ကျွန်မရဲ့အကောင်ပေါက်လေးက အူယားစရာ
YOU ARE READING
ဆုံမှတ် 🕊 ☾︎ ဆုံမွတ္ 🕊 ☽︎
Любовные романыOwn Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် - ခြူးမြတ်သွယ် ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးရခြင်းကလဲ အချစ်ရဲ့စွမ်းအားတွေသည်ပဲမလား -ငြိမ်းဝင့်လွှ...