အချစ်ပျောက်လို့လိုက်ရှာရတဲ့ကျွန်မရဲ့ဘဝကိုဘယ်သူကယ်တင်နိုင်ပါတော့မလဲ
"ညီမလေးရေ ကိုကိုပါဟ တံခါးဖွင့်အုန်း "
ကြယ်စင်ကတံခါးဖွင့်လိုက်တော့ ကိုကိုတယောက်ဝင်လာသည် ။ သူ့မိန်းမက ဘာလို့ပါလာတာပါလိမ့်
"ညီမလေး နင် နေမကောင်းဘူးလား မျက်နှာလဲမကောင်းဘူး "
"ကောင်းပါတယ် ဒါနဲ့ ကိုကို့မိန်းမရော သူရောအတူပါမလာဘူးလား "
"မပါဘူး ငါသူနဲ့ကွာရှင်းလိုက်ပြီ "
"ဘယ်လို! ! "
"ကြယ်စင်လေးနဲ့ကျွန်မအသံပြိုင်တူထွက်လာသည် အံ့သြမှုတို့ဖြင့်ကိုကို့အားကြည့်ကာ
"ဘယ်လိုဖြစ်တာလဲ ကိုကိုရယ် ငြိမ်းတို့တောင်မသိပါလား "
"ငါ ငါကိုကမကောင်းတာပါ အက်ဒီမကောင်းတဲ့အရက်တွေကိုသောက်မိလို့ သူ့အပေါ်နှိပ်စက်မိလို့ ဒီလိုတွေဖြစ်ကုန်တာ ငါအခုသူ့ကိုပြန်သွားခေါ်ပြီး တောင်းပန်မယ် အက်ဒီ့အရက်တွေလဲမသောက်တော့ဘူး ပြီးတော့ငါသူ့ကိုတကယ်ချစ်တာဟ "
"အခုသူတို့မရှိတော့ဘူး အိမ်ပြောင်းသွားကြပြီ ကိုကိုလိုက်ရှာနေလဲတွေ့မှာမဟုတ်ဘူး ဘယ်သွားတာလဲ ငြိမ်းလဲမသိဘူး "
"ဘယ်လို မရှိတော့ဘူးဟုတ်လား ကိုကို့ကိုတော်တော်စိတ်နာသွားတယ်ထင်တယ် ဘယ်အရပ်မှာပဲရှိရှိ ကိုယ်လိုက်ရှာပါ့မယ်အချစ်ရယ် ကဲ အခုထဲကအလုပ်စတော့မယ် ကိုကိုပြန်ပြီ "
"အင်း ပြန်တွေ့ရင်ငြိမ်းကိုလဲပြောအုန်းနော် "
"အေးအေး "
ကိုကိုပြောသွားတဲ့စကားတခွန်းကြောင့် ငြိမ်းစိတ်တွေပြန်တက်ကြွလာသလို ဘယ်အရပ်ရပ်မှာရှိရှိလိုက်ရှာမယ်တဲ့ ။ ကျွန်မ လဲ ကလေးငယ်ကိုဘယ်အရပ်မှာပဲရှိရှိ လိုက်ရှာပါ့မယ် ဒီတခါငယ်လေးကပြေး မ က လိုက်ပါမယ်ကွယ် ...
"မမ မမ "
"ဟေ "
"နင်အရမ်းလဲ စိတ်မဆင်းရဲပါနဲ့ ပြန်တွေ့မှာပါဟာ ငါလဲလှိုင်းကို ဒေါ်ခြူးဖုန်းလိုက်သေးလား သူ့ဘယ်မှာနေလဲဆိုတာ မေးပေးပါမယ် အရမ်းစိတ်ဓာတ်မကျနဲ့နော် "

YOU ARE READING
ဆုံမှတ် 🕊 ☾︎ ဆုံမွတ္ 🕊 ☽︎
DragosteOwn Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် - ခြူးမြတ်သွယ် ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးရခြင်းကလဲ အချစ်ရဲ့စွမ်းအားတွေသည်ပဲမလား -ငြိမ်းဝင့်လွှ...