တခါတလေ ဘဝဆိုတာကြီးကို ရှင်သန်ရတာငြီးငွေ့လာတယ် အပြီးအပိုင်ထွက်သွားချင်မိတဲ့စိတ်တွေက ခဏခဏ ။ ဘဝကခုမှပဲစတင်ရမှာ အရူံးပေးလို့မဖြစ်သင့်ဘူးမလား?
"သွယ်လေး မမ အလုပ်သွားပြီနော် စားပွဲပေါ်မှာထမင်းပြင်ပေးခဲ့တယ် မျက်နှာသစ်ပြီးရင် စားလိုက် "
"ဟုတ် မမ "
"အေး စားပြီးရင် ဒေါ်လေးကိုသွားကူနော် အိမ်အလုပ်တွေ မမပြန်လာမှလုပ်မယ် "
"အင်းပါ သတိထားသွား စောစောပြန်ခဲ့နော် "
မမကိုပြောအပြီး အိမ်ထဲဝင်ကာ ထမင်းဝိုင်းမှာထိုင်လိုက်သည်။ သွယ်တို့ဘဝက လိုတရမဟုတ်ဘူးလေ လကုန်ရင်ပေးရမဲ့အိမ်လခအတွက် မမရုန်းကန်ရသည် ။ ဒေါ်လေးက စားဖို့အတွက်ရုန်းကန်ရသည် သွယ် ပထမနှစ်တက်ဖို့လဲ နီးလာပြီ
မိဘတွေမရှိတော့တဲ့နောက် ညီမနှစ်ယောက်လုံး ဒီအဒေါ်နဲ့အတူတူနေရသည် ။ အငယ်ဖြစ်နေလို့ အလုပ်မလုပ်ခိုင်းပေမဲ့ ကိုယ့်ဘာသာကြံဖန်ပြီး ရှာလုပ်ရမည်လေ ။
လမ်းထိပ်မှာ ဒေါ်လေးတယောက် ဟင်းတွေနေရာချကာ အလုပ်ရှုပ်နေသည် ။
"ဟိတ် ဒေါ်လေး သွယ်ရောက်ပြီ ဘာတွေကူပေးရမလဲ "
"အမလေး ခုမှပေါ်တော်မူလာတယ် လူမရှုတ်သေးဘူးလေ လုပ်စရာမရှိသေးဘူး "
"အင်းအင်း "
တော်တော်ကြာတော့ သွယ်ထိုင်နေရင်းကားနှစ်စီးယှဥ်ကာ ပြိုင်မောင်းလာသလို ဒီဘက်ကိုရောက်လာသည်
"ဟာ ဟာ... "
ဒုန်း.....🗯
"ဟာ သွားပါပြီ ကုန်ပြီ "
သွယ်တို့ဆိုင်လေးကို ကားဝင်တိုက်မိသလိုဖြစ်သွားသည် အပေါ်က မိုးထားတဲ့ အမိုးလေးမှာလဲ ဘေးမှာပုံကျလျက်သား
"တောက်စ် ခများထွက်ခဲ့အခု ကားထဲက "
ထိုအခါမှကားထဲမှ မိန်းမတယောက်ထွက်လာသည်
"အိုး ေတာ်ေတာ်ပျက်စီးသွားတာပဲ ဒါတွေအားလုံးအတွက်လျော်ကြေးပေးခဲ့ပါမယ်အန်တီ အရေးကြီးလို့သွားခွင့်ပြုပါအုန်း "
![](https://img.wattpad.com/cover/278153275-288-k8029.jpg)
YOU ARE READING
ဆုံမှတ် 🕊 ☾︎ ဆုံမွတ္ 🕊 ☽︎
RomansaOwn Creation // { Complete } အရင်တုန်းက မရဲ့ အချစ်ဦး ချစ်သူတွေဘယ်သူတွေပဲရှိခဲ့ရှိခဲ့ အဆုံးသတ်မှာ ငယ်နဲ့မ အတူတူပေါင်းဖက်ရဖို့ပဲလိုတယ် - ခြူးမြတ်သွယ် ကိုယ့်ချစ်သူကို တစိမ့်စိမ့်ကြည့်ပြီးမြတ်နိုးရခြင်းကလဲ အချစ်ရဲ့စွမ်းအားတွေသည်ပဲမလား -ငြိမ်းဝင့်လွှ...