(Unicode)
"နေ့တာရှည်တယ်ထင်တယ်"
"စာသင်ချိန်တွေကပိုရှည်တာ"
တစ်ယောက်တစ်မျိုးစီညည်းတွားနေကြတာပေမယ့် ခါအီက ပျင်းရိတဲ့ဖက်က ပြောနေတာဖြစ်ပြီး သူကတော့ ဒယ်ဒီ့ကိုလွမ်းတဲ့ဖက်က။ သစ်လွင်ကြိုဆိုပွဲ၊ Assignment၊ Activity ဘာညာ စသဖြင့်သော အကြောင်းအရာတွေကြောင့် သူအိမ်မပြန်ရတာ သုံးပါတ်ကျော်ပြီး လေးပါတ်မြောက်ထဲရောက်နေပြီ။
"ဂျောင်ဆူး"
"ဟေ"
"ငါ့ကိုကြည့်စမ်းပါ"
လက်ထဲကဖုန်းမှာပဲ စိတ်ရောက်နေပြီး ကိုယ့်ကိုမော့မကြည့်တော့လဲ စိတ်တိုင်းကမကျ..
"ကဲပြောကွာ..ပြော"
ဆိုးဆိုးဆတ်ဆတ် မော့ကြည့်လာတဲ့ မျက်ဝန်းအိမ်တွေကို အတန်ငယ်ကြာအောင်စိုက်ကြည့်ရင်း....
"မင်းလဲ မျက်လုံးဝိုင်းတာပေမယ့်.. ငါ့ဒယ်ဒီလောက် မလှဘူး"
ခါအီရော ဂျောင်ဆူးဆီကနေပါ ဆဲရေးသံအချို့ ထွက်လာပေမယ့် ဂရုမစိုက်စွာနဲ့ပဲ စိတ်အာရုံထဲမှာ ပေါ် လာသမျှ တွေကို ပြောနေလိုက်သည်။
"မျက်တောင်တွေကော့မနေပေမယ့်ထူထူနက်နက်လေးနဲ့ထင်းနေတာမျိုး ....ပြီးတော့ ဒယ်ဒီ့မျက်လုံးတွေက ကြည်တောက်နေတာ ဖန်ဂေါ်လီလေးလိုပဲ"
"ဟုတ်လား မျက်ဆံမပါတဲ့ ဖြူဖြူကြီးပေါ့"
"မင့်..."
Feelကွေးအောင် လာလုပ်နေတဲ့ ခါအီကို
ပျစ်ပျစ်နှစ်နှစ်ဆဲမိတော့မတတ်ဖြစ်သွားပြီးမှ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းလိုက်သည်။ ဒါတွေ အကျင့်ပါသွားမှခက်မည်။ ဒယ်ဒီ့ရှေ့မှာ ယောင်ယမ်းထွက်မိသွားရင် ငြိုငြင်ခံရကိန်းရှိသည်မို့ ဆယ်ဟွန်းလေးတို့ အပျော်သဘောနဲ့တောင် ရိုင်းလို့မဖြစ်။"ဂျောင်ဆူး ဒီဖက်လှည့် ငါကြည့်စမ်းမယ်"
ဒီဖက်လှည့်လို့ပြောပြီး ဟိုကမလှည့်သေးခင် မေးဖျားကနေ ဆွဲလှည့်သွားတာလဲ သူပဲ။
"ငါတို့ ဂျောင်ဆူးရဲ့ မျက်လုံးလေးတွေက အများကြီးပိုလှတာ တချို့က အမှောင်တွေဖုံးနေတော့ အမှန်ကိုမမြင်ဘူး"