Part (18)

285 32 5
                                    

(Unicode)

"အစာကြေဆေးသောက်မလား"

"ဟင့်အင်း အစာမကြေ တာ မဟုတ်ပါဘူးဆိုမှ"

ဒယ်ဒီအိပ်ရာပေါ် ခြေပစ်လက်ပစ် နဲ့ လှဲမချရုံတမယ် ဝင်ထိုင်ပစ်လိုက်သည်။ စာမေးပွဲ ပြီးလို့အိမ်ပြန်ရပေမယ့် ထင်သလောက်တော့ပျော်ဖို့မကောင်း။ အိမ်ရှေ့ရောက်တော့ သော့ခတ်ထားပြီးသား တံခါးကြီးက ဆီးကြိုနေပြီး ဖုန်းဆက်တော့မှ မေမေတို့က ဇာတိမြို့ကိုအလည်ပြန်နေကြတာ နှစ်ရက်လောက်ရှိပြီတဲ့။ သူ့မှာ ဒယ်ဒီ့ဆီ ကုန်းတင်နေရသည့် အဖြစ်။

"ကိုကြီးချန်းတို့ကလဲ ရုတ်တရက်ကြီးနော်"

အစမရှိ အဆုံးမရှိ ပြောလိုက်တော့ သူစားပွဲပေါ်တင်ပစ်ခဲ့တဲ့ ဆိုင်ကယ်သော့ကို အံဆွဲထဲ ထည့်ဖို့လုပ်နေတဲ့ ဒယ်ဒီ့လက်တွေ တစ်ချက်တုန့်ဆိုင်းသွားပြီး သူ့ဖက်ကိုလှမ်းကြည့်ကာ စဥ်းစားလိုက်ပုံပေါ်သည်။

"အော်.....အင်း....ရုတ်တရက်တော့လဲ မဟုတ်ပါဘူး...သူတို့ တွဲဖြစ်သွားကြပြီး သိပ်မကြာခင် ကတည်းက လက်ထပ်ဖို့ တိုင်ပင်နေကြတာ"

"အားကျလိုက်တာ"

စိတ်ထဲက စကားက လွှတ်ခနဲ ပါးစပ်ကနေထွက်သွားတော့ ဒယ်ဒီက ရယ်သည်။

"ဆယ်ဟွန်းက အိမ်ထောင်ပြုဖို့ အတွက်ဆိုရင် အသက်ငယ်ပါသေးတယ်"

ဒါပဲလေ.... ဒီလိုတုန့်ပြန်မှုမျိုးပဲရလိမ့်မယ်လို့ သိပြီးသား။ သူစိတ်ပျက်တာတော့မဟုတ်ပေမယ့် ဒယ်ဒီ့ဆီကနေ တခါတလေ "လက်ထပ်ချင်ပြီ"တို့ "ပတ်ချန်းတို့လို့ ဒယ်ဒီ တို့လဲ တစ်နေ့ကျရင်လက်ထပ်ကြမယ်" တို့ တီတီတာတာလေးတွေ ကြားချင်မိသည်။ ဒယ်ဒီ့ကို ဘာလုပ်ပါ ဘယ်လိုနေပါ ဘာလေးတော့ပြောပေးပါ လို့ ဖိအားမပေးဖို့ ဆုံးဖြတ်ထားပေမယ့် အချစ်ခံချင်တဲ့ သူ့ရဲ့လောဘတွေက အကင်းမသေနိုင်သေး။

ဒီလိုနဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေး တဖြည်းဖြည်းနဲ့ အေးစက်ပြီးဝေးကွာသွားရင်လို့ အဆုံးထိ ဆက်တွေးမိပြန်ရင်လဲ အသက်ရှုလို့တောင်မဝချင်တော့ပါ။ ထားခဲ့ခံရ ရင်လဲ ဒယ်ဒီ့ကို စိတ်အနှောက်အယှက်ပေးပြီး အတင်းတွယ်ကပ်မထားချင်သလို ကျန်ခဲ့ပေးလိုက်ဖို့လဲ ခံနိုင်ရည်ရှိမည်မဟုတ်။ ပထမဆုံး တည်ဆောက်ဖူးတဲ့ Relationshipမို့ အတွေ့အကြုံမရှိသည့်အလျှောက် နှစ်ဦးနှစ်ဖက် သာသာယာယာနဲ့ရေရှည်ခိုင်မြဲအောင် ကိုင်တွယ်ဖြေရှင်းဖို့ ခက်နေတာများလား။

A Proper NounWhere stories live. Discover now