Part (12)

355 33 14
                                    

(Unicode)

"ဒယ်ဒီ့"

"ဟင်"

"ရေ"

လက်နားမှာ ချထားတဲ့ ရေဗူးကို ယူကာ ဒယ်ဒီအဖုံး ဖွင့်ပေးပြီး လက်ထဲထည့်ပေးလိုက်တော့မှ ဝါးလက်စခေါက်ဆွဲတွေကိုပါ ရေနဲမျှောပြီးသောက်ချပစ်လိုက်သည်။

"တော်တော့ စပ်နေတာကို၊မစားတော့နဲ့"

ပင်လယ်စာ ခေါက်ဆွဲစားမယ်ပြောတိုင်း တခါမှ မတားဖူးပေမယ့် စားနေရင်း စပ်လာပြီဆိုရင်တော့ ပန်းကန်ကို ပြန်ပြန်သိမ်းသွားတတ်တာ ဒယ်ဒီ့အကျင့်။ ပင်လယ်စာခေါက်ဆွဲကို တစ်ပွဲလုံးကုန်အောင်စားဖူးတဲ့အကြိမ်ရေ ဆိုတာ လက်ချိုးရေလို့ရသည်။

"ကုန်အောင်စားမှာ"

"ဗိုက်နာရင် ထပ်​ပြီး ကျောင်းပျက်နေရလိမ့်မယ်နော်...ဒီနေ့ လဲ ကျောင်းပြေးလာပြီးပြီ"

ဘယ်တတ်နိုင်မလဲ ဒယ်ဒီ့ကိုတွေ့ချင်နေတာကြီး။ Dateလုပ်မယ်ဆိုတော့လဲ ဒယ်ဒီက မအားဘူး ဘာညာနဲ့။ ဒီလို ကျောင်းပြေးပြီး ဒယ်ဒီ့အလုပ်မှာ ဇွတ်အတင်းကပ်ထိုင် နေတာမဟုတ်ရင် တွေ့ရဖို့မလွယ်။

"အစ်ကိုရေ ဒီဝိုင်းရှင်းမယ်!"

အလုပ်ပေါ်လာတော့ 'ခဏ' ဆိုပြီး ဒယ်ဒီ ပျောက်သွားပြန်သည်။ နည်းနည်းပဲကျန်တဲ့ ခေါက်ဆွဲတွေကို တစ်မျှင်ချင်းစီ အချိန်ဆွဲစားရင်း ဆိုင်ထဲမှာ ဒယ်ဒီ ဟိုဟိုဒီဒီသွားနေသမျှ လိုက်ကြည့်ကာ မျက်လုံးတွေကို အလုပ်ပေးထားလိုက်သည်။ နံ့သာရောင် ရှပ်လက်တို လေးနဲ့ Customer နဲ့စကားပြောနေတဲ့ ဒယ်ဒီက ခါးကိုအနည်းငယ််ကိုင်းချထားရင်း ရည်ရည်မွန်မွန်.... ကျသင့်ငွေကို ယူကာ ဒီနေ့အဖို့ ကောင်တာ တာဝန်ကျတဲ့ အစ်ကို ဘတ်ဟျွန်းဆီ ပေးပြီးတဲ့အထိ အစအဆုံးကြည့်နေခဲ့ပြီးမှ...

"ဒယ်ဒီရေ.. "

"ဟေ့ကောင် သွား..အဲ့နားသွားနေ ဒီကိုမင်းပြန်မလာခဲ့နဲ့ ငါပဲဆက်လုပ်လိုက်မယ် သွားတော့"

သူ့ခေါ် သံနဲ့ သိပ်မရှေးမနှောင်း ကိုကြီးချန်းရဲ့ အသံသြသြကြီး ထွက်လာပြီး ဒယ်ဒီ့ကို ပုခုံးကနေ ခပ်သာသာလေး တွန်းပစ်လိုက်တာ တွေ့ရသည်။ လှည့်ထွက်လာတဲ့ ဒယ်ဒီ့ မျက်နှာက ပြုံးစစနဲ့။

A Proper NounWhere stories live. Discover now