Part (19) Final

377 31 6
                                    

(Unicode)

"အ!!"

အလျင်လိုနေတဲ့ ခြေလှမ်းတွေကြောင့် လျှောက်နေကျလမ်းက Slow Down ကိုတောင် ဖြတ်တိုက်မိကုန်သည်။ နာသွားတဲ့ ခြေမထိပ်ကို အေးအေးဆေးဆေး ဂရုစိုက်မနေအားဘဲ နာနာကြီးနဲ့ပဲ မပြေးရုံတမယ် ဆက်လျှောက်နေရင်းတောင် စိတ်နောက်ကို ခြေလှမ်းတွေက မလိုက်မှီ.....

"မေ.... သားပြောစရာရှိတယ်"

သိပ်မကြာသေးတဲ့ အဲ့ဒီ့အချိန်တုန်းက သူ့ဆန္ဒကိုထုတ်ပြောပြဖို့ တော်တော်လေး အားယူနေခဲ့ရသေးသည်။

ဒယ်ဒီ့ကို လက်ထပ်ချင်တဲ့အကြောင်း ပြောတော့ အခုချက်ချင်းလားလို့ ပြန်မေးနေသေးတဲ့ မေမေ့ကို ကြည့်ရင်း သူ့မှာ အံ့သြမဆုံး။

မကန့်ကွက်လောက်ဘူးလို့ခန့်မှန်းမိပေမယ့် ဒီလောက် အေးအေးဆေးဆေးကြီးတုန့်ပြန်လိမ့်မယ်လို့တော့ထင်မထားခဲ့။

ပြီးတော့ မေမေထပ်ပြောတဲ့ တချို့ အကြောင်းအရာတွေကြောင့် သူလုံးဝကို Jaw drop...

"ဒယ်ဒီ!!!"

အိမ်ထဲစဝင်ကတည်းက ကျုံးအော်ပစ်လိုက်တဲ့ အသံက တော်ရုံတော့မဟုတ်။ လူကြီးတွေရှိနေသလားတော့ မသိ။ ဒယ်ဒီ့အခန်းဆီ တန်းတန်းမတ်မတ်လျှောက်သွားရင်း တံခါးခေါက်ဖို့တွေ ဘာတွေလဲ သတိမရတော့....

"ဟင်...ဆယ်ဟွန်း"

သူ့ကိုမြင်တော့ ဒယ်ဒီက အလုပ်သွားဖို့ ပြင်ဆင်ရင်းကောက်ကိုင်ထားပုံရတဲ့ ပစ္စည်းတချို့ကို စားပွဲပေါ်ပြန်ချရင်း နားမလည်တဲ့ မျက်လုံးလေးတွေနဲ့ကြည့်လာသည်။

"ဘာဖြစ်လို့လဲ"

ပြောချင်တာတွေ လည်ချောင်းဝမှာ တစ်ဆို့နေပေမယ့် လေကိုအငမ်းမဝ ရှိုက်သွင်းရင်း အမောဖြေနေရသေးသည့် သူ့ကို ဒယ်ဒီက စောင့်ကြည့်နေဆဲ...

"ဒယ်ဒီ..."

"အင်း"

"မေမေတို့ နဲ့ စကားပြောဖြစ်တယ်ဆို"

"အော်"

ရှက်ပြုံးလိုလို နဲ့ တစ်ဖက်ကို မျက်နှာလွှဲသွားတဲ့ ဒယ်ဒီ့ကိုကြည့်ရင်း မေမေ့စကားတွေ မှန်ကြောင်းသူလက်ခံလိုက်သည်။

A Proper NounWhere stories live. Discover now