(Unicode)
"ခါအီ ငါ့ကိုကယ်ပါအုံး"
"ဟား...ဟား....ဟား!!!"
အကူအညီတောင်းပါတယ်ဆိုမှ အားရပါးရနဲ့ အော်ရယ်နေတဲ့ ခါအီ့ကို နည်းမျိုးစုံနဲ့သာ ဆဲပစ်ချင်တော့သည်။ အိပ်ရာကနေ နိုးနိုးချင်း ညက ပလပ်ကျွတ်ပြီးပြောချင်တာတွေ ပြောထားသမျှ တစ်ခုချင်းစီ ခေါင်းထဲပြန်ဝင်လာတော့ သူဘယ်လိုပြန်ဖြေရှင်းရမလဲ မသိတော့။
"မင်းအဲ့ဒီမှာ ရယ်ပဲရယ်နေလိုက်တော့ ဘာမှကို သုံးစားလို့မရဘူး"
"မဟုတ်ပါဘူး...အဟား..ငါတကယ်ကို.. Bus Stopမှာ ငိုယိုပြီး အမိုက်စားဖွင့်ပြောသွားတဲ့ ညက scene လေးကို မြင်ယောင်လို့"
ဒီတစ်ခါတော့တကယ်ကို ဆဲမိလိုက်တော့သည်။ မနာတဲ့ အပြင် ခွက်ထိုးခွက်လန်ရယ်နေတဲ့အသံက speaker ဖွင့်မထားတာတောင် ဖုန်းထဲကနေ အပြင်ကိုလျှံလာတဲ့အထိ ကျယ်ကျယ်လောင်လောင်။
"ဆိုင်ထဲမှာ မင်းဆူဆူညံညံလုပ်နေတုန်းကတော့ လာတားအုံးမလို့ပဲ...နောက်ကျတော့ မင်းဒယ်ဒီ က မင်းကိုခေါ်ထုတ်သွားတာဆိုတော့ ဒီလိုပဲ အလိုက်တသိ လွှတ်ပေးထားလိုက်တာလေ"
"လွှတ်ပေးထားတဲ့လူက Bus Stop ထိဘယ်လို လှမ်းမြင်တာလဲ"
"အဟေး...အဲ့ဒါကတော့ အတွဲချောင်းတာ"
"မင်းး..."
"စကားအကောင်းပြောစမ်းပါ...ပေး ဖုန်း ဒီကို"
ဂျောင်ဆူးရဲ့ ဝင်ဟန့်လိုက်တဲ့ အသံနောက်မှာ 'အချစ်ကလဲကွာ'ဆိုတဲ့ စောဒကတက်သံက အမြင်ကပ် စရာကောင်းလှစွာ...
"ဆယ်ဟွန်း"
"အင်း ဂျောင်ဆူး"
ညည်းတွားသံက အနည်းငယ် ဆွဲအီပြီး တစ်ဖက်လူကိုပါ ပူလောင်သွားစေလောက်ပေမယ့် မတတ်နိုင်။ သူ့မှာ အပူကပ်စရာ ဒီလူတွေပဲရှိသည်မို့ သူပူသလို ပူကြပါစေတော့။
"အခု မင်းဘယ်မှာလဲ"
"ဒယ်ဒီ့ အိမ်မှာ"
"ဘယ်လိုလဲ အခြေအနေ"
"မသိဘူး အခန်းထဲမှာဒယ်ဒီမရှိဘူး ငါတစ်ယောက်တည်းပဲ၊ သွားလဲမရှာရဲဘူး စိတ်ဆိုးနေရင်ဘယ်လိုလုပ်မလဲ"