Yoongiကျောင်းထဲလေးပင်တဲ့ခြေလှမ်းတွေနဲ့ဝင်လာခဲ့တယ်....ဒီနေအကိုကသူ့အားအတူမခေါ်တာကြောင့်လေးပင်တဲ့ခြေလှမ်းတွေနဲ့သာကျောင်းထဲဝင်လာလိုက်သည်။ကျောင်းကသူတွေကကွက်ကြည့်ကွက်ကြည့်နှင့်ဒေါသမျက်လုံးတွေ....သူဘာလုပ်သင့်လဲ
"ဟဲ့....နင်ငါ့ရည်းစားကိုလက်ထပ်ဖို့ကြံစည်ထားတာမလား"
သူ့ရှေ့မှာလက်ပိုက်လျက်မေးလာတဲ့မိန်းကလေးအားသူကောင်းကောင်းသိပါတယ်....ပါးစပ်ထဲတမြုပ်မြုပ်ဝါးနေတဲ့ပီကယ်ဝါးနေတဲ့ပုံစံကြောင့်မော့ကြည့်မိလိုက်သည်။တကယ်လှတဲ့မိန်းကလေးပင်....သို့ပေမယ့်သူ့အတွက်အန္တရာယ်ရှိတယ်
"မကြံစည်ပါဘူး....ကျနော်လည်းသေချာမသိပဲလက်ထပ်ဖို့ဖြစ်သွားတာပါ"
"နင်ကလာလိမ်နေသေးတာလား"
Yongiခေါင်းခါပြလိုက်သည်။သူတကယ်မလိမ်ရပါ....
"ငါ့ကိုကြည့်စမ်း...မိဘမဲ့ကောင်...Jungkookမိဘတွေကနင့်ကိုမွေးစားတယ်ဆိုတိုင်းနင်ကသူဋ္ဌေးဖြစ်မလာဘူးနားလည်လား....Jungkookကနင့်ကိုမုန်းတယ်ဆိုတာသိသင့်တယ်"
Yoongiခေါင်းငြိမ့်ပြလိုက်သည်။သူနားလည်တာထက်တောင်ပိုပါတယ်....သူကတကယ်မိဘမဲ့ပင်မဟုတ်လား
"အမSunny.....ကျနော်အခန်းထဲသွားတော့မယ်"
သူပြောလာမယ့်စကားတွေအားထပ်မကြားချင်တော့တာကြောင့်ထမိတော့သူ့ရှေ့မှပိတ်ရပ်လာတဲ့Sunny...
"နင့်ကိုသွားခိုင်းလို့လား"
Yoongiငြိမ်သက်နေပေးလိုက်သည်....ခေါင်းငုံ့ထားပေမယ့်တစ်ကျောင်းလုံးသူ့ကိုကြည့်နေတာသူကောင်းကောင်းသိပါတယ်
"အောက်တန်းစားကောင်....ဟားဟားဟား"
ရာ်မောနေတဲ့နောက်ကိုယ်ပေါ်စိုရွှဲသွားစေတဲ့ရေများကသူ့အကျီအနှံမှာ....မျက်ရည်ကျမိနေတဲ့သူ့အားကြည့်ကာလူတွေဝိုင်းကြည့်ရင်းရယ်မောနေကြတော့သူကြောက်တယ်....သူကဟာသတစ်ခုလား...ပြက်လုံးတစ်ခုလား
"Min Yoongi Min Yoongi....နင်ဟာလေတကယ်အသုံးမကျတဲ့ကောင်ပဲ...."
Yoongiမတုန့်ပြန်မိ.....သူကိုယ်သူတောင်အားမပေးချင်တော့...
YOU ARE READING
ငယ်ကျွန် season 2
RomanceMin Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်နေတဲ့အကို့ကျေးဇူးတွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ဆပ်မှာပါ ...