39

4.4K 318 42
                                    

Jkဒီနေ့တော့Namjoonတို့မပါပဲတစ်ယောက်တည်းလှုပ်ရှားရမယ်နေ့ပင် ဘီလ်အားစိတ်လှုပ်ရှားစွာတီးလိုက်သည်။ခဏကြာတော့တံခါးလာဖွင့်ပေးတဲ့ကောင်လေး

"ဆရာ ရောက်ပြီလား ဝင်ခဲ့ပါ"

Jkပြုံးပြရင်းအထဲဝင်လိုက်တော့Yoongiကသူ့အားမီးဖိုခန်းထဲခေါ်သွားသည်။သေချာပြင်ဆင်ပေးထားတာမို့ကျေးဇူးတော့တင်သား

"ဆရာ ဆရာမှာရောမိန်းမမရှိဘူးလား"

"ယောက်ကျားတော့ရှိတယ် ကိုယ့်အမှားတွေကြောင့်သူကထွက်သွားတယ်လေ"

"အော် ဘာအပြစ်လုပ်မိလိုက်လို့လဲ"

ဂရုဏာသက်စွာမေးလာတဲ့ဖြူစင်သူလေးကြောင့်ပြုံးလိုက်ရင်း

"အင်းအနိုင်ကျင့်ခဲ့မိတာပါ စိတ်တိုသွားတယ်ထင်တယ်"

သူ့စကားကြားတော့ပလုပ်ပလောင်းစားနေရာကသူ့အားသေချာစိုက်ကြည့်လာရင်း

"ဆရာက ကျနော့်အဖြစ်နဲ့ဆင်တူတယ်နော်"

"အာ ထားလိုက်ပါ စားရအောင်"

Jkတားလိုက်ရင်းထမင်းစားနေသည်ထိကောင်လေးဆီကအသံမထွက်လာ သူ့အားစိုက်ကြည့်နေဆဲပင် စိတ်ထဲတော့မသိပါစေနဲ့ဟုသာတွေဝေရင်း ကြောက်လန့်မိနေသည်။

"ဆရာ "

အသံခပ်တိုးတိုးထပ်ခေါ်လာတာကြောင့်မေးဆက်ပြလိုက်သည်။

"ဆရာ့နမည်ဘယ်လိုခေါ်လဲ"

"Kim hyukပါ"

"အော် ဘာမှတော့မဟုတ်ပါဘူး မနေ့ကတစ်နေ့လုံးမမေးမိလို့ပါ"

နှစ်ယောက်သားစကားဆက်မပြောပဲထမင်းသာအမြန်စားလိုက်သည်။

သူ့ဆီကိုဗေဒင်ဆရာအနေနဲ့ အားတဲ့ရက်တိုင်းသွားရောက်ခဲ့ရာကအတော်ရင်းနှီးလာသည်။ဒါပေမယ့်Jkဆိုတာသူများသိရင်ဘယ်လိုခံစားရမလဲစဥ်းစားမိတယ် သူကျနော့်ကိုချစ်တာသိတော့မျှော်လင့်ချက်တွေအများကြီးရှိလာတယ် အခုဆိုဘာလိုလိုနဲ့သူ့ကိုယ်ဝန်9လကျော်10လထဲရောက်လာသည်။မွေးဖွားခါနီးတာမို့ Namjoonတို့ကောသူ့အိမ်လာနေပေးတတ်သည်။

အပျော်ဆုံးအချိန်ကတော့ကလေးကိုထိလိုက်တာနဲ့တုန့်ပြန်ကန်ကျောက်တတ်တဲ့ဗိုက်ထဲကကောင်လေးပင် ဖေဖေခေါ်တာကိုနေ့တိုင်းအရူးလိုတမ်းတနေမိတာကိုယ်ပါပဲ

ငယ်ကျွန် season 2Nơi câu chuyện tồn tại. Hãy khám phá bây giờ