Jkညနေခင်းကြီးNamjoonနဲ့အတူအိမ်မှာသောက်ပြီးစကားအများစုပြောဖြစ်ကြသည်။jhopeလည်းလာတာမို့စကားဝိုင်းကပိုစည်သွားသည်။ဘာရယ်တော့မဟုတ်နှလုံးသားရေးရာလေးတွေပါပဲ
NamjoonကJinနဲ့သူအတိတ်အကြောင်းပြန်ပြောပြပြီးJkကတော့အသည်းကွဲခဲ့ရတဲ့နာကျင်မှုအချစ်ဇာတ်လမ်းလေး Jhopeကတော့အမည်မသိcrushလေးအကြောင်း
"ငါသူ့ကိုအရမ်းချစ်တာ ဒါပေမယ့်သူကတစ်ခြားတစ်ယောက်ကိုချစ်နေတယ်ထင်ပါရဲ့"
Jhope fake smileလေးနှင့်အားယူပြောပြလာသည်။Jhopeမျက်နှာထက်ပျော်နေသလိုဝမ်းနည်းမှုကပိုထင်ရှားနေသည်။
Jkကတော့သူနဲ့သိတာမကြာသေးပေမယ့်ဟိုကောင်Gunwonထက်တော့ကြည့်ရသည်။
"Jinကိုတော့ငါကြိုးစားလိုက်ခဲ့ရတာ Jin ရဲ့အသိုင်းအဝိုင်းကအရမ်းချမ်းသာတာ ငါ့ကိုချစ်လို့သာJinကမျက်စိစုံမှိတ်ပြီးနောက်ကလိုက်လာခဲ့တာ"
NamjoonစကားကိုJkသဘောကျမိသည်။သူအခုချိန်နားလည်တာကချမ်းသာဆင်းရဲတာထက်အချစ်တစ်ခုတည်မြဲဖို့ကကိုယ်တိုင်နဲ့ပဲဆိုင်တယ်ဆိုတာပဲ သူကအတ္တကြီးတာသူနားလည်သင့်သလောက်နားလည်ပါတယ် Yoongiကိုလည်းအရင်ကအနိုင်ကျင့်ခဲ့တာအတွက်စိတ်တော့မကောင်း သူအခုလိုတွေးမိတာလည်းSunnyသစ္စာဖောက်ခဲ့တာကြောင့်မို့သာ အဖြစ်မှန်တစ်ချို့သိပြီးနောက်သူဆက်အနိုင်မကျင့်ချင်တော့
"မင်းကောJk"
Jkကအတန်ကြာစဥ်းစားပြီးမှ
"ငါကဇာတ်လမ်းမရှိဘူးထင်တယ် ငါချစ်မိတယ် အဖြေတောင်းတယ် အဖြေပြန်ပေးတယ် ပြီးတော့ငါထားခဲ့ခံရတယ် "
ပခုံးတွန့်ပြရင်းပြောလာတဲ့သူ့အဖြေကိုNamjoonသနားမိသလိုJhopeလည်းထို့အတူပင် သူ့အားဂရုဏာသက်စွာကြည့်နေတဲ့Namjoonနဲ့Jhopeအကြည့်အားရှောင်ရန်အရက်ခွက်ဆီအကြည့်တို့ပို့ရင်းမသိသလိုပြုမူနေလိုက်သည်။
"Yoongiရှိလားဗျ"
ဧည့်ခန်းထဲပြောင်စပ်စပ်မျက်နှာပေးနှင့်ဝင်လာတဲ့Gunwonကြောင့်jkရုပ်ချည်းဆိုသလိုမျက်နှာပျက်သွားသည်။
Namjoonကတော့Jhopeအားလက်ဖြင့်လှမ်းပုတ်ရင်း
"မင်းကြည့်နေပွဲကောင်းတော့မယ်"
![](https://img.wattpad.com/cover/279477654-288-k634064.jpg)
ESTÁS LEYENDO
ငယ်ကျွန် season 2
RomanceMin Yoongiမင်းသိထားဖို့ကငါကြွေးတာစားငါပေးတာယူဖို့ပဲ Jeon Jung Kook ကျနော့်ပေါ်မှာတင်နေတဲ့အကို့ကျေးဇူးတွေကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ပြန်ဆပ်မှာပါ ...