12

4.4K 338 33
                                    

Jkနိုးတော့လက်တစ်ဖက်ကလေးပင်နေတာကြောင့်လှည့်ကြည့်လိုက်သည်။သူ့လက်မောင်းပေါင်အိပ်နေတဲ့လူကြောင့်ဒေါသတကြီးဆောင့်တွန်းချလိုက်တယ်....ကုတင်ပေါ်ကပြုတ်ကျသွားတဲ့Yoongiလည်းအတော်နာသွားပုံပင်...

"မင်းဘာကိစ္စငာ့ဘေးလာအိပ်နေတာလဲ....ရွံစရာကောင်းလိုက်တာ"

Yoongiဘာမှမပြောတော့ပဲခေါင်းသာငုံ့လိုက်ရင်းတောင်းပန်လိုက်သည်။သူနဲ့Jkကြားကဖြေရှင်းလေပြဿနာပိုကြီးလေမို့သူသာအလျော့ပေးရမည်

"တောင်းပန်ပါတယ်သခင်"

"မင်းထစမ်း....ဘာကိစ္စလာအိပ်နေတာလဲ"

"မနေ့ကသခင်မူးနေလို့ကုတင်ပေါ်ပို့ပေးရင်းကျနော်လည်းမေ့ပြီးအိပ်ပျော်သွားတာ"

Jkအံကြိတ်တာမြင်လိုက်ရပေမယ့်ထပ်မပြောချင်တော့သူပဲနာကျင်ရမှာပဲလေ

"မင်းလိုကောင်နဲ့တကုတင်ထဲအိပ်ရတာလောက်ရွံ့စရာကောင်းတာမရှိဘူး...မင်းငါ့ကိုဘာလုပ်ဖို့ကြံနေတာလဲ"

Yoongiလက်အသာကာပြရင်း

"ဘာမှမကြံပါဘူးသခင်...သခင်အိပ်ဖို့ကုတင်ပေါ်တင်ပေးရင်းမေ့သွားတာပါ"

"လိမ်မနေနဲ့....မင်းအကြောင်းငါသိတယ်....ရွံစရာစိတ်ဓာတ်နဲ့ကောင်...တောက်"

Jkပြောရင်းလက်ကကုတင်အောက်မှာဒဓးထောက်ထိုင်နေတဲ့Yoongiမျက်နှာအားအားပါပါရိုက်မိလိုက်သည်။Yoongiငြိမ်သက်နေလိုက်ပေမယ့်Jkကစိတ်တိုနေသေးတာကြောင့်သူ့အားကန်လိုက်ရင်းရေချိုးခန်းထဲဝင်သွားသည်။သူလဲအဲ့တော့မှခုနထဲကငိုချင်နေတဲ့မျက်ရည်အားလွှတ်ပေးလိုက်သည်။Jkအခန်းထဲကအခန်းပြင်ထွက်လာတော့အိမ်တော်ထိန်းနဲ့တန်းတွေ့သွားသည်။

"သားဘာဖြစ်လို့လဲ"

"ဟင့်အင်း*sob*"

"သားသူငယ်ချင်းခြံရှေ့မှာစောင့်နေတယ်သွားတွေ့လိုက်ဦး"

Yoongiခေါင်းငြိမ့်ပြရင်းခြံထဲဆင်းလာလိုက်သည်။မျက်ရည်တွေအလျင်အမြန်သုတ်ထားပေမယ့်ရဲနေတဲ့မျက်လုံးကငိုထားမှန်းသိသာစေသည်။

"အော်Jhopeကိုး"

Yoongiပြောရင်းJhopeအားခြံတံခါးဖွင့်ပေးလိုက်သည်။နှစ်ယောက်လုံးခြံထဲကခုံလေးပေါ်ထိုင်ရင်းစကားပြောဖြစ်ကြသည်။

ငယ်ကျွန် season 2Donde viven las historias. Descúbrelo ahora