40

4.7K 329 43
                                    

Jungkook မျက်နှာထက်အလင်းတန်းနွေးနွေးတစ်ချို့ဖြာကျလာလေတော့မျက်ခုံးပင်ကျုံ့မိလိုက်သည်။ပွယောင်းယောင်ဆံနွယ်တွေအားစိတ်ပျက်စွာကုတ်လိုက်ရင်းထလိုက်သည်။သူအိပ်ချင်နေပေမယ့်လည်းနေအပူဒဏ်ကသူ့အားတားမြစ်နေသည်။

"ဟာ Jk မြန်မြန်ထ Yoongiကိုသွားမကြည့်ဘူးလားYoongiစိတ်ကောက်တော့မယ်"

Jhopeအသံကြောင့်Jkလည်းခပ်မြန်မြန်အတွေးထဲYoongiရောက်လာသည်။ဟုတ်သား Yoongiကိုသွားကြည့်ရဦးမယ် ညကသူတစ်ညလုံးအတွေးတွေလျှောက်တွေးနေတာမို့မနက်မိုးမလင်းခင်မှာအိပ်ပျော်သွားတာဖြစ်သည်။

အမြန်ဆုံးထလိုက်ကာ ရေချိုးခန်းထဲအရင်ပြေးဝင်သွားလိုက်သည်။

*ကိုယ်ဒီနေ့မင်းကျေနပ်တဲ့ထိတောင်းပန်ပါ့မယ်ငယ်*

Jkမျက်နှာသစ်သွားတိုက်လုပ်ပြီးတာနှင့်အခန်းထဲကသူ့အားစိုက်ကြည့်နေတဲ့လူတွေအား

"ဟေ့ကောင်တွေ မလိုက်ခဲ့နဲ့နော်"

"ဟေ့ကောင် မင်းသာချော့လိုက်စမ်းပါ ငါတို့ကသွားပြီးသွားပြီ အချိန်ကိုလည်းကြည့်ဦးနေ့လည်11နာရီထိုးနေပြီ Yoongiကိုငါတို့နည်းနည်းရှင်းပြပေးထားတယ်နော် ခွေးကောင် ဖွင့်ပြောဖို့ကမင်းတာဝန်ဖြစ်သွားပြီ"

Gunwonရဲ့စကားကြောင်းအမြန်ခေါင်းငြိမ့်သွားရင်းပြေးထွက်ဖို့ပြင်တော့တစ်စုံတစ်ယောက်ကလှမ်းဆွဲလာသည်။

"ရော့ ပန်းစည်းနဲ့ချော့ ဘာမှအသုံးမကျဘူး"

Jinကသူ့လက်ထဲပန်းစည်းလေးထိုးပေးလာတာကြောင့်အပြုံးတွေအပြည့်နှင့်အားရဝမ်းသာရီလိုက်မိသည်။

"ကျေးဇူးကွာ"

Namjoonကတော့လက်မထောင်ပြနေတာကြောင့်ခေါင်းသာငြိမ့်ပြရင်းထွက်လာလိုက်သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖

"ငယ် ငယ်"

Yoongiကလေးနို့တိုက်နေတုန်းအပြင်ကအော်ကြီးဟစ်ကျယ်အသံကြောင့်လန့်သွားသား အလကားငုံးကောင် အခုမှလာပြီး

ကလေးအားနို့ဆက်မစို့စေတော့ပဲ ဘေးကနို့ဘူးအားယူကာပါးစပ်ထဲထည့်တိုက်လိုက်သည်။Jkရေှ့မှာထိုမြင်ကွင်းမျိုးမပြချင်

ငယ်ကျွန် season 2Where stories live. Discover now